Bittersweet

1.5K 141 1
                                    

Jennie Pov

တော်တော်လေး အလုပ်ရှုပ်တဲ့နေ့တစ်နေ့ပဲ။

လက်မှတ်ထိုးစရာ စာရွက်စာတမ်းတွေအများကြီးနဲ့ အစည်းအဝေးတွေ တက်ဖို့ကလဲ တန်းစီနေတယ်။ ဒီနေ့တစ်နေကုန် အလုပ်ရှုပ်နေခဲ့တာပဲ။

ဒီအလုပ်တွေပြီးအောင်လုပ်မှဖြစ်မှာ။ ဒါမှ ကျွန်မသူငယ်ချင်းနဲ့ချိန်ထားတာကို သွားဖို့အဆင်ပြေမှာ။ ကိုရီးယား ပြန်ရောက်လာပြီဖြစ်တဲ့အကြောင်း ကျွန်မသူငယ်ချင်းကဖုန်းဆက်ထားပြီး ကျွန်မတို့တွေ့ကြဖို့ ချိန်းထားကြတာ ဖြစ်တယ်။

ကျွန်မငယ်သူငယ်ချင်း Nayeon က အရမ်လိုက်လျောညီထွေနေတတ်တယ်လို့ ပြောလို့ရတယ်။ ကျွန်မတို့နှစ်ယောက် မတွေ့ရတာ အတော်ကြာနေပြီ။ ပြီးတော့ ကျွန်မအတွက် surprise ပါတယ်လို့လဲပြောတယ်။

Neyeon သာဒီမှာရှိရင် ပျော်ဖို့ကောင်းမယ်ဆိုတာ ကျွန်မပြောရဲတယ်။ ဒါကမိန်းကလေးတွေသီးသန့် night out ထွက်တာဖြစ်ပြီး ကျွန်မသူတို့နဲ့တွေ့ရဖို့ မစောင့်နိုင်တော့ဘူး။ နံရံမှာ ကပ်ထားတဲ့နာရီကိုကြည့်မိတော့ ညနေ၅နာရီထိုး တော့မှာကိုတွေ့ရတယ်။

ကျွန်မမတ်တပ်ရပ်ပြီး ပြတင်တံခါးကနေကြည့်လိုက်တယ်။ ဒီနေ့ ကျွန်မစိတ်ဖိအားတွေ အကုန်ဖြေဖျောက်ရမယ်။ ကျွန်မအညောင်းပြေအောင် လည်ပင်းကိုချိုးလိုက်တော့ တစ်ယောက်ယောက်ပုခုံးကိုနှိပ်ပေးလိုက်တာကို ခံစား လိုက်ရတယ်။

"Oh My God" ကျွန်မလန့်ပြီးခုန်မိတော့မလိုဖြစ်သွားတယ်။ ကျွန်မနှလုံးရောဂါရလုမတတ်ဖြစ်သွားတယ်။ သူကျွန်မ ရုံးခန်းထဲဝင်လာတာကို သတိမထားမိလိုက်ဘူး။

"ကိုယ်တောင်းပန်ပါတယ် Babe၊ ကိုယ်မင်းလန့်သွားဖို့မရည်ရွယ်ပါဘူး" Robby ကပြောလိုက်တယ်။ သူ့လက်ကို ကျွန်မခါးပေါ်တင်လိုက်ပြီး ဖက်လိုက်တယ်။ ကျွန်မလက်မောင်းကို သူ့ပေါ်တင်လိုက်ပြီး သူ့ရင်ဘတ်မှာ မျက်နှာအပ်ထား လိုက်တယ်။ ကျွန်မတို့နှစ်ယောက်ဒီလိုလေး ခနနေဖြစ်ကြတယ်။

ခနနေတော့ သူကျွန်မကိုဖက်ထားတာကိုလျော့လိုက်ပြီး ကျွန်မမေးကိုဆွဲမော့လိုက်ပြီး ခပ်ပြင်းပြင်းနမ်းလိုက်တယ်။ ကျွန်မသူ့အတိုင်းအလိုက်သင့်နေလိုက်တယ်။ သူခပ်ပြင်းပြင်းနမ်းရင်း တင်းတင်းဖက်လိုက်တော့ ကျွန်မလက်ကို သူ့ဂုတ်ပေါ်တင်ထားလိုက်တယ်။

Cross Roads (Jenlisa)(Translation)Donde viven las historias. Descúbrelo ahora