You

1.5K 152 7
                                    

Lisa Pov

Irene နဲ့အဆက်အသွယ်မရတာ တစ်ပတ်ကြာခဲ့ပြီ။ Lisa သူမအိမ်သွားတွေ့ပေမယ့် သူမ Lisa နဲ့အတွေ့မခံခဲ့ဘူး။ စာပို့ထားတိုင်းလဲ seen ပဲပြပြီး စာပြန်မလာခဲ့ဘူး။ Somi ကိုအကူအညီတောင်းခဲ့ပေမယ့်လဲ Irene ဒီအချိန်မှာ တစ်ယောက်တည်းနေပြီးစဉ်းစားဖို့ လိုအပ်တယ်ဆိုပြီး သူမ မကူညီခဲ့ဘူး။

သူမဘာဖြစ်လို့ရှောင်နေလဲဆိုတာ စဉ်းစားလို့မရခဲ့ဘူး။

ပုံမှန်မနက်ခင်းတစ်ခုမှာ Lisa ကုမ္ပဏီကိစ္စအတွက် Jennie တို့အဖွဲ့နဲ့ဆွေးနွေးဖို့ထွက်လာခဲ့တယ်။

Lisa Internet သုံးနေရင်း တစ်ယောက်ယောက်တံခါးခေါက်သံကြားလိုက်ရတယ်။

"ဝင်လာခဲ့ပါ" Lisa မကြည့်ပဲပြောလိုက်တယ်။ တံခါးပွင့်လာတော့ ဘယ်သူလဲဆိုပြီး Lisa တစ်ချက်ကြည့်လိုက်တယ်။

"Irene?" Lisa ချက်ချင်းမတ်တပ်ရပ်လိုက်ပြီး သူမဆီသွားလိုက်တယ်။ Lisa သူမကိုတင်းတင်းကြပ်ကြပ်ဖက်လိုက် တယ်။

"Lisa?" သူမစကားပြောလိုက်တော့ Lisa ဖက်နေတာ လျော့ပေးလိုက်တယ်။

"ကျွန်မရှင့်ကိုအရင်ပြောချင်တယ်" သူမပြောလိုက်တော့ Lisa စားပွဲရှေ့က ဆိုဖာပေါ်သူမကိုထိုင်ခိုင်းလိုက်တယ်။

"I miss you" Lisa ပါးစပ်ကချက်ချင်းဒီစကားထွက်လာခဲ့တယ်။

Lisa တို့ဆိုဖာပေါ်အတူထိုင်လိုက်ကြတယ်။ သူမဘာပြောမလဲဆိုတာ စောင့်နေမိတယ်။

"ကိုယ်တစ်ခုခုအမှားလုပ်မိလို့လား" Lisa သူမကိုမေးလိုက်တယ်။ သူမခေါင်းယမ်းပြီးငြင်းလိုက်တာကိုတွေ့ရတယ်။

"အဲ့ဒါဆို မင်းဘာလို့ ကိုယ့်ကိုတစ်ပတ်လုံးရှောင်နေရတာလဲ" Lisa စကားသံက စိတ်ညစ်နေတဲ့အသံဖြစ်နေမယ်ဆိုတာ သိတယ်။

Lisa မတ်တပ်ရပ်ပြီး ခေါင်းပေါ်လက်နှစ်ဖက်တင်လိုက်မိတယ်။ သူမကိုကြည့်လိုက်တော့ ငိုတော့မယ့်ပုံဖြစ်နေတာ တွေ့ရတယ်။

"Irene, ကိုယ်မင်းဖြေရှင်းချက်လိုချင်တယ်။ မင်းကိုယ်နဲ့ ဒီ relation ကိုဆက်မလိုချင်တော့ရင်လဲ ကိုယ့်ကိုပြောပါ" သူမမျက်လုံးကနေ မျက်ရည်တွေကျလာတော့ မြင်ရတော့ Lisa ရင်နာရတယ်။

Cross Roads (Jenlisa)(Translation)Where stories live. Discover now