🌳Episode 3🌳

3.3K 196 5
                                    

"ကင်မ်ထယ်ယောင်း"

"ခေါ်ပြန်ပြီ ဒီနာမည်
ပြောစရာရှိတာ လိုရင်းကိုပြောဗျာ"

"မင်းရဲ့စကားသာပြန်ချေပရရင်
ငါဒီတသက်မင်းနဲ့စကားနိုင်လုလို့ပြီးမှာတောင်မဟုတ်ဘူးကွ"

"သိရင်ဘာလို့ လိုရင်းမပြောလဲ"

            🌳 Divorce Scenario 🌳

McLaren P1 ကော်ဖီနှစ်ရောင်စိုစိုပြိုင်ကားလေးဟာ အမိုးတွေဖွင့်ထားလျက် ဘေးတံခါးတွေကိုလည်း မြှောက်တင်ထားကာ သိန်းပေါင်းထောင်သောင်းမကတန်သည့် တိုက်ကြီးရှေ့တွင်ထိုးရပ်လိုက်သည်။

ဝူး!!

ကျွီ......

ထယ်ယောင်းလည်း ကားပေါ်ကဆင်းကာ ကားသော့ကိုဝှေ့ရမ်းလျက် တဖက်ကလည်းလွယ်အိတ်ကို တဖက်သိုင်း၍သာလွယ်၍ အိမ်ကြီးထဲသို့ဝင်သွားလေသည်။

ဒီနေ့ အထက်တန်းနောက်ဆုံးနှစ် စာမေးပွဲဖြေပြီးခြင်းပင်။

ရည်းစားနဲ့လဲပြတ်သည့်နေ့ပေါ့ ဟ ဟ။

Coming Over in my direction

So thankful for that,it's such a blessin ,yeah!!

Turn every situation into heaven,yeah

Oh-oh you are...
My sunrise on the darkest in the day

Got me feeling some kind of way

Make me wanna savor
Every moment slowly

Slow...ly

ကင်မ်ထယ်ယောင်း!!

"ကျစ်...
သွားပါပြီ အဖိုးကြီးကလဲ
ဒီမှာသီချင်းဆိုနေတယ်လေဗျာ"

"ဘာ ကင်မ်ထယ်ယောင်း
ပြန်လာတာဘယ်အချိန်ရှိနေပြီလဲ
ဟမ်"

အိမ်ပြန်ရောက်တာနဲ့ အမြဲမကြားချင်ဆုံး အဖိုးကြီးရဲ့နေ့စဉ်ရက်ဆက် ဆုံးမဩဝါဒတွေကို ကြားရဦးမယ်ကွာ...
စိတ်တေလည်းလေပါတယ်...

"ကျစ်...
နားငြီးတယ်‌ဗျာ
ကက်စက်ဟောင်းကြီးလာဖွင့်ပြနေပြန်ဘီ"

"လာထိုင်စမ်း"

ပြောသာပြောရတယ်ဗျ။
ကျနော်က အဖိုးကြီးကိုသာပြန်ခံပြောတာ အဖိုးကြီးစကားတော့ နားထောင်တယ်။

အခုလည်းဂျစ်ဂလန် လုပ်နေပေမယ့် အဖိုးကြီးထိုင်ခိုင်းတဲ့ဆိုဖာပေါ် ကျနော်ကရောက်နေပြီ။

Dɪᴠᴏʀᴄᴇ Sᴄᴇɴᴀʀɪᴏ [KOOᗰOՏ]Where stories live. Discover now