🌳Episode 15🌳

2.4K 111 4
                                    

"ထယ် လို့"

ဆွဲငင်စွာပြောကာ ပွတ်သီးပွတ်သတ်လုပ်လာသူကြောင့် ထယ်ယောင်းကြက်သီးတောင်ထားမိသည်။

"ဘာ...ဘာလဲ
Jungkook"

ထိုအခါ ထယ်ယောင်းပါးစပ်ကိုပိတ်လာသော လက်တစုံ...

ဘာလဲဟ...
မိန်းမကြီးကျနေတာပဲ...
ဗလကိုမှအားမနာကွာ ဟ ဟ...

"Jeon....
Jeon ..
လို့ခေါ်"

             🌳 Divorce Scenario 🌳

"ထယ်ယောင်း..
နမ်ဂျွန်းပြောတာတွေအမှန်လား"

"ဟမ်"

MK2PJ တို့ 7star Hotel တွင်စုံဖြစ်ကြခြင်းပင်။ဒီ Hotel ဟာသူတို့5ဦး၏ပိုင်ဆိုင်မှုထဲကတခုပင်။

"Jeon Jungkook
မင်းဖားသားကြီး ကိုလာကပ်နေတယ်ဆို"

"အာ့တာတော့အမှန်ပဲ ဂျီမင်ရ
အဖေကလည်း ဘာတေဓာတ်ကျနေလဲမသိဘူး သမက်လေး သမက်လေး ဖြစ်နေတာ ဟ ဟ"

"နမ်ဂျွန်း"

ထယ်ယောင်းက "သမက်လေး" ဆိုသည့်နာမ်စားကြောင့်နှုတ်ခမ်းကပူထူသွားကာ အကိုလုပ်သူကို ဝင်ဟန့် လိုက်လေသည်။

"မင်းဘယ်လိုလုပ်မယ်စဉ်းစားထားလဲ ကင်မ်"

"ငါ သူ့ကိုမယုံသေးဘူး"

"ဟမ်...
ဒါဆို ယုံဦးမယ်ဆိုတဲ့သဘောလားထယ်ယောင်း"

"ဟိုဆော့မေးတာဟုတ်တယ် ထယ်ယောင်းဖြေစမ်းပါဦး"

"အာ အာ့လိုလည်းမဟုတ်ရပါဘူး
ငါ ငါက..."

"ကင်မ်...
မင်းဆုံးဖြတ်ချက်တွေအတွက် ငါတို့ကိုငဲ့ကြည့်စရာ ရှက်စရာမလိုဘူးနော်။
မင်းစိတ်ချမ်းသာရင် ငါတို့ကကန့်ကွက်မှာမဟုတ်ဘူး"

"ဟုတ်တယ်ထယ်ယောင်း
ငါတို့ကမင်းပျော်ရွှင်ဖို့သာအဓိကပါ။
ဒါပေမယ့် မင်းစိတ်ချမ်းသာမှဖြစ်မှာနော် နောက်တခါငါတို့မင်းခံစားရမှာမမြင်ချင်ဘူး"

"ထယ်ယောင်း....
ငါကတော့ အကိုတယောက်အနေနဲ့ပြောရရင်...
ငါလေ တကယ်သူ့ကိုသဘောမကျဘူး။
ဘာလို့ဆို ငါတခုခုကိုစိုးရိမ်နေမိသလိုဘဲ"

"အော်...
အကိုတို့ရယ်ပြောလို့ပြီးပြီလား?
ငါကဖြင့် jungkook ကိုပြန်လက်ခံမယ်လို့လည်းမပြောမိသေးပါဘူး ဟ ဟ"

Dɪᴠᴏʀᴄᴇ Sᴄᴇɴᴀʀɪᴏ [KOOᗰOՏ]Where stories live. Discover now