🌳Episode 19🌳

2.1K 90 7
                                    

ထယ်ယောင်းမျက်လုံးပြူးနေမိသည်။
တနိုင်ငံလုံး၏ CCTV တွေကိုစစ်ဆေးနေခြင်း။ဒါဟာ Security Computer Saving သံတမန်ရေးရာတယောက်အနေနှင့် လုပ်နေရသည့်အလုပ်မဟုတ်လား?

"အိုး လူသတ်မှုတွေလား
Ambulance ကား10ဆင်းတောင်
လူတွေကလည်းအပြည့်ပဲ ကုန်တင်ကားများမှတ်နေသလား"

တယောက်တည်းအသံထွက်ကာအော်မိလိုက်သည်။

ခြောက်!!

"ကင်မ်အဖိုးကြီးရေ ကယ်တော်မူပါဗျ"

            🌳 Divorce Scenario 🌳

ကျနော် အကိုတို့အခန်းထဲဦးတည်ကာဝင်သွားလိုက်သည်။တော်သေးတာပေါ့ဗျာ...‌၄ယောက်စလုံးတွေ့လိုက်ရလို့...

"အကိုယွန်းဂီတို့
ထယ်အိမ်ပြန်သွားပြီလား ကျနော်စီစဉ်စရာရှိတာတွေပြောပြချင်လို့"

အကိုတို့ ၄ ယောက်နားကပ်ကာ ကျနော့်အစီအစဉ်တွေကိုပြောပြလိုက်သည်။

"ဟ မြန်လိုက်လား
ပြောတော့ နောက်လဆို ထယ်ယောင်းကပူညံပူညံနော်"

"ဟီး မစောင့်နိုင်တော့လို့"

"Jungkook"

"ဟုတ်ကဲ့ အကိုဟိုဆော့"

"ငါက Hacker နော်"

"ဟမ်"

"မင်းလုပ်ထားတာတွေမင်းသိလား ဒီမနက်ဖြစ်တဲ့..."

"အိုး...
အကိုဟိုဆော့ကလည်း ကျနော်"

"ဟိုးထားဆရာသမား
ငါကဘာပြောနေလို့လဲ သိတယ်ပဲပြောတာလေ ငါတို့၄ယောက်လုံးသိတယ်"

"ဟုတ်တယ်
ကျေးဇူးပါ ငါတို့ထယ်ယောင်းကိုမင်းဆီစိတ်ချလက်ချအပ်နိုင်ပြီမို့"

ကျနော်မထင်ထားဘူး။
အကိုတို့ကအာ့လောက်တော်လိမ့်မယ်လို့လေ။ဟုတ်တာပေါ့ကျနော်မေ့နေတာ အကိုတို့အားလုံးက Computer မှာဆရာတဆူပဲမဟုတ်လား။ချီးကျူးထိုက်ပါပေတယ်။

"ကျနော်အသက်နဲ့လဲပြီး ထယ့်ကိုကာကွယ်မှာပါ"

"ငါတို့ယုံပါတယ်"

"ဒါဆိုမနက်ဖန်ဆက်ကူညီပေးပါဦးနော် ဟီး နောက်ဆုံးပါ"

"မင်းနောက်ဆုံးတာများနေဘီ။
အေးပါကွာ မင်းတို့ခေတ်ပဲ လုပ်ထားကြပေါ့"

Dɪᴠᴏʀᴄᴇ Sᴄᴇɴᴀʀɪᴏ [KOOᗰOՏ]Where stories live. Discover now