🌳Episode 6🌳

2.9K 161 3
                                    

Jungkook တယောက် ကားပေါ်ကိုမည်သိုမည်ပုံပြန်ရောက်လာသည်မသိ။
စိတ်နှင့်ကိုယ်လည်းမကပ်တော့။

"နယ်သာလန်""ထွက်သွားပြီ"
"4/5နှစ်"အား...
ထယ်ယောင်းထွက်သွားတာငါနဲ့မှမဆိုင်ဘဲ ဘာတွေဖြစ်နေတာလဲကွာ...

Jeon Jungkook ကအာ့လိုပုံစံမျိုးမှမဟုတ်တာ။မဟုတ်တဲ့အတွေးတွေခေါင်းထဲထုတ်ပစ်စမ်းကွာ...

Jeon Jungkook ၏ကားလေးဟာ မီးရောင်စုံတွေဝင်းပနေသော Club သို့..

             🌳 Divorce Scenario 🌳

အိမ်ကြီးထဲဝင်လျှင်ဝင်ချင်း အနံ့တစ်ခုကသင်းကနဲ....

"သားရေ အိမ်ကအငယ်ကောင်က
စတော်ဘယ်ရီအနံ့ကိုကြိုက်တော့ တအိမ်လုံးအသုံးအဆောင်တွေကို စတော်ဘယ်ရီနံ့တွေပဲ သုံးတတ်လို့"

"ဟုတ်..ဟုတ်ကဲ့ Uncle"

"သားငယ်"ဆိုတော့သားကြီးကရှိသေးတာလား?

ဟုတ်တယ်...
ကျနော်နဲ့ထယ်ယောင်းနဲ့2နှစ်လောက်ကြိုက်ခဲ့ပေမယ့် လူသိရှင်ကြားမဟုတ်ခဲ့ဘူး။

ကျနော်ကလည်းPublic ထုတ်မပြောချင်သလို ထယ်ယောင်းဘက်ကတော့ဘယ်လိုသဘောထားလည်းမသိခဲ့။

နုနုရွရွဂရုစိုက်ပေးခဲ့တာတွေလည်းသိပ်မရှိ။

သူငယ်ချင်းသာသာပဲနေခဲ့သလို နမ်းရုံကလွဲပြီး ကျနော်အဆင့်တက်ချင်ရင်တောင် ထယ်ယောင်းကလက်မခံခဲ့။

ထယ်ယောင်းရဲ့မျက်ဝန်းတွေထဲမှာချစ်တဲ့အရိပ်အရောင်တွေမမြင်ရပေမယ့် ကျနော့နဲ့တွဲ့သည့်တလျှောက်လုံး ချစ်ပေးဂရုစိုက်ပေးခဲ့သည်။

ကျနော်ကတော့ ဟိုတယောက်၊ဒီတယောက်နဲ့အလုပ်တွေရှုပ်နေတာမို့ ထယ်ယောင်းနားသိပ်မကပ်ဖြစ်ခဲ့။

ထယ်ယောင်း Squad ထဲကကောင်တွေကလည်း ကျနော့ဆို မျက်မှုန်းကျိုးသည်မို့ Squad နဲ့တတွဲတွဲရှိသည့် ထယ်ယောင်းနဲ့ တွဲရသည်မှာသိပ်မလွယ်ခဲ့။

ရှင်းရှင်းပြောရရင် ထယ်ယောင်းဘာတွေကြိုက်လည်းဆိုတာတောင်သေချာမသိခဲ့။

ကျနော်လက်ဆောင်ပေးသမျှတော့ တခါမှမကြိုက်ဘူးဟူ၍ ငြင်းလေ့မရှိတတ်။

Dɪᴠᴏʀᴄᴇ Sᴄᴇɴᴀʀɪᴏ [KOOᗰOՏ]On viuen les histories. Descobreix ara