🌳Episode 4🌳

3K 184 4
                                    

"မာ့မီ့သားတောင် တက္ကသိုလ်ကျောင်းသားကြီးဖြစ်တော့မယ်နော်။
သား ရည်းစားတွေရှုပ်နေတာပြင်ပါတော့လားသားရယ်။
သား တကယ်ချစ်တဲ့သူတွေ့ရင် သားရဲ့အခုလုပ်ရပ်ဆိုးတွေက အကျိုးသက်ရောက်မှာ မာမီစိုးရိမ်တယ်"

"သားကလား ဟ ဟ။
သားကဘယ်သူ့ကိုမှတကယ်ချစ်လို့မရဘူး"

              🌳 Divorce Scenario 🌳

မီးရောင်စုံတွေကြား ယိမ်းနွဲ့ကာ ကနေသူများ...

Dj မှစီးချက်မှန်မှန်ထွက်လာသောတီးလုံးအတိုင်းယိမ်းနွဲ့နေသော ကိုယ်ခန္ဓာများ....

ဤအဆင့်မြင့် Club ပိုင်ရှင်များကတော့ တ‌ညမှာသန်းနဲ့ချီပြီးဝင်ငွေရှိသည်။

Dj ကိုပုံဖော်နေသော သူမှာ ဆံပင်တွေကိုအနောက်ကိုစုချည်ထားကာ မျက်မှန်အနက်တပ်ထားသည်။

မီးရောင်အောက်မှာ ထိုသူ၏ဆွဲဆောင်မှုအရှိဆုံး ခန္ဓာကောက်ကြောင်းတွေက ကျစ်လစ်သွယ်လျှလျှ...

ထိုသူကဘယ်သူ့ကိုမှလည်းဂရုမစိုက်သလို မျက်မှန်အောက်ကမျက်ဝန်းတွေက ခပ်တင်းတင်းရှိမယ်ဆိုတာ ဒီ Club ကိုလာသည့်သူများအတပ်သိပေသည်။

သူ့ကိုမည်သူမျှလက်နဲ့တောင်မတို့ရဲသလို စကားလည်းစ‌မပြောရဲကြပေ။

အစကတည်းက သူ ရှိနေလို့ဒီ Club ကနာမည်ကြီးကျော်ကြားနေခြင်း။

ထိုသူကတော့ Kim Group ၏အငယ်ဆုံးသား Kim TaeHyung အပြင်နှစ်ယောက်ရှိမည်မထင်။

Club ပိုင်ရှင်တွေကတော့ MK2PJ...

Club နာမည်က Kings ...

"Hey bro"

"အိုး ယွန်းဂီ
ဘယ်လိုလဲ..."

"So good ပဲပေါ့"

ထယ်ယောင်းက ယွန်ဂီ့ပုခုံးကို တွဲခို၍ဖက်ကာ Dj တီးနေရာမှ စကားတပြောပြောနှင့် သူတို့၏ MK2PJ Private mirror Reflection Room ထဲဝင်သွားလေသည်။

Reflection Mirror Room မို့အပြင်ကလှုပ်ရှားမှုတွေအားလုံးကိုသူတို့မြင်နေရသည်။

အခန်းထဲကသူတို့ရဲ့လှုပ်ရှားမှုတွေကိုတော့ မည်သူမျှထိုးဖောက်မမြင်ရောက်နိုင်ပါပေ။

Dɪᴠᴏʀᴄᴇ Sᴄᴇɴᴀʀɪᴏ [KOOᗰOՏ]Hikayelerin yaşadığı yer. Şimdi keşfedin