🌳Episode 14🌳

2.4K 123 6
                                    

"ဟမ် ထယ်ယောင်း
နှုတ်ခမ်းကလည်း မြင်မကောင်းအောင်ဖူးယောင်နေတာဘဲ
အလာတုန်းက မရှိပါဘူး အခုမှ ဘာ..."

"အမ် ...
ဟို...ဟို ခုနက ရေချိုးခန်းထဲမှာချော်လဲသွားလို့လေ ဟီး"

"ဟမ် ခြေထောက်တွေမထိခိုက်ဘဲ နှုတ်ခမ်းကြီးကိုလား"

"အာ.
အာ့တာက...
ချော်လဲရင်း နှုတ်ခမ်းနဲ့ ဘေစင် နဲ့သွားတိုက်မိသွားတာဗျ"

Jungkook မှာတော့ပြုံးစိစိရယ်...
ထယ်ယောင်းက jungkook ကိုမျက်စောင်းပစ်ကျွေးလေသည်။

              🌳 Divorce Scenario 🌳

အ့!!

"နာနေလား"

တယောက်၏ဝင်လေထွက်လေကို တယောက်က အနီးကပ်ခံစားနေရသည့်အခြေအနေပင်။

ဖူး!!

ကိုယ့် နှုတ်ခမ်းနားကို မှုတ်ပေးလာသော ထယ့်၏ဆူထော်ထော်နှုတ်ခမ်းလုံးလေးတစုံ။

မကြာသေးခင်ကမှ စ‌တော်ဘယ်ရီသီးလေးတွေစားလာမှုကြောင့် ဆိုးဆေးအကူမပါဘဲ နီမြန်းနေသည့် ထယ့်မူပိုင်နှုတ်ခမ်းလေး။

တချက်တချက် ကိုယ်နာသည်ဆိုတိုင်းမှုတ်ပေးလာမှုကြောင့် လူကရေချိုးပြီးခါစကို ဖိန်းတိန်းရှိန်းတိန်းရယ်။

အသည်းယားလှသည်ကတမျိုး အရမ်းနာသည်မှာ ဟန်မဆောင်နိုင်အောင်ပေမို့ ထယ်ဆေးတခါတို့တိုင်း ကိုယ့်မှာထအော်မိသည်။

သွေးကြောင်သည်ဟုများထင်သွားလေမလား။

အ့!!

"နာနေတုန်းလား နှုတ်ခမ်းကကွဲသွားတာ"

ဖူး??

အ့!!

ဖူး??

ကျနော် တချက်ဆေးထည့်တိုင်းအော် အော်နေသည့် သူကြောင့်အမြင်ကကပ်လာချေပြီ။

တကတည်း...ယောကျာ်းဖြစ်ပြီး အသည်းငယ်လှလွန်းတာ။တမင်တကာများ ဟန်လုပ်နေသလားမှတ်ရတယ်။လူကြည့်တော့ ဗလနဲ့။အာ့တာပြောတာပေါ့ တချို့သူ‌ တွေကဗလဗန်းပြပြီးနုနေကြတာ တပုံကြီးပဲတဲ့လေ ဟ ဟ။

"ဟ ဟ"

"ဘာ ဘာရယ်တာလဲ ထယ်...ထယ်ယောင်း"

"ဟမ်..."

Dɪᴠᴏʀᴄᴇ Sᴄᴇɴᴀʀɪᴏ [KOOᗰOՏ]Where stories live. Discover now