🌳Episode 20🌳

2K 93 4
                                    

"အန်ဝူ
လမ်းမှားနေတယ်လေ"

"အော်
ကျနော်ဘုရားကြောင်းခဏဝင်ချင်လို့"

"ဘာလုပ်မလို့လဲ
ပြိုင်စရာရှိတာပြိုင်မယ်ကွာ အပိုတေလာလုပ်မနေနဲ့"

"အော်
ခဏလေးပါ ဟီး
ကျနော်နိုင်အောင်ဆုတောင်းမလို့သွားပါရစေဗျာ"

"ပြီးရောကွာ မြန်မြန်မောင်း"

ကားလေးဟာ ဘုရားကျောင်းဆီသို့ဦးတည်လျက်...

          🌳 Divorce Scenario 🌳

ဒီနေ့ကတော့ ကျနော့ရဲ့နားရက်လေးပေါ့... Jeon နဲ့ပါတ်သတ်ပြီးလည်း စိတ်အေးရတဲ့ပထမဆုံးနေ့လေးဆိုလဲမမှားဘူး။

Jeon ကတကယ်ပဲအရင်တုန်းကလိုမဟုတ်ဘဲ အချစ်စစ်နဲ့ချစ်ပေးခဲ့တယ်။ကျနော့ရဲ့ ယုံကြည်မှုကိုလည်း Jeon ကအလေးထားခဲ့တယ်။

တခုဆိုးလာတာက ကျနော့အပေါ်ထားတဲ့သူ့အချစ်တွေက လိုတာထက်ပိုလွန်းနေတာ။မနေ့ကကျနော့်ကို Jeon ကလိုက်ပို့ပေးတော့ လမ်းမှာ ကျနော့ဂျူနီယာညီလေးနဲ့ စကားပြောခဲ့တယ်။အာ့မှာစတာပဲ....ကျနော်တို့ကရိုးရိုးသားသားရယ်ကို Jeon ကဒေါသတကြီးဆွဲထိုးတာလေ။ကျနော့မှာအားနာလိုက်တာဆိုပြောမနေပါနဲ့တော့....

ဒီလိုတွေကအခုမှမဟုတ်ဘူး အရင်ကလည်းအာ့လိုပဲ။ကျနော်ကဆင်ခြင်ရတယ်။ကျ‌နော့ရဲ့မိတ်ဆွေတွေတောင် Jeon ကြောင့် ကျနော်ကိုမျက်နှာချင်းဆိုင်စကားမပြောရဲ့ကြတော့ဘူး။

အာ့တခုကလွဲပီး ကျန်တာ Jeon ကတော်ပါတယ်။ကျနော်မညိုညင်ရက်ခဲ့ပါဘူး...သူ့လုပ်ရပ်တွေကိုလေ။ကျနော့ကိုချစ်လို့သဝန်တိုတာပဲ ကျနော်ကစိတ်မကွက်ရက်ပါဘူး။

နာရီကိုကြည့်လိုက်တော့ မနက်7နာရီပဲရှိသေးတယ်...အိပ်လည်းမပျော်တော့တာမို့ ရေချိုးပြီးအိမ်နေရင်းချည်သဝမ်းဆက်လေးဝတ်ပြီး အောက်ထပ်ကိုဆင်းလာလိုက်တယ်။

အိမ်နောက်ဖေးက Jeon ရဲ့လက်နဲ့စိုက်ပေးခဲ့တဲ့ စတော်ဘယ်ရီပင်လေးတွေကိုသွားကြည့်မိတော့ လူကအလိုလိုပြုံးပြီးသား။

"V..."

ကျနော်အပြုံးတွေထဲနစ်မွန်းနေတုန်း အသံကြားရာကိုကြည့်မိလိုက်တော့ ဂျပန်ဝန်ကြီးချုပ်သား အန်ဝူပဲ...

Dɪᴠᴏʀᴄᴇ Sᴄᴇɴᴀʀɪᴏ [KOOᗰOՏ]Where stories live. Discover now