🌳Episode 11🌳

2.6K 144 3
                                    

"ဟို..ကျနော် ထယ်ယောင်းကိုခုထိမမေ့နိုင်သေးဘူး"

ခွပ်!!

Jungkook စကားအဆုံး ဂျီမင်၏လျှင်မြန်သော လက်သီးချက်ပြင်းပြင်းက ရောက်လာလေသည်။

Jungkookလည်းထိုင်နေရာမှ အနောက်သို့အနည်းငယ်လန်ကျသွားသည်။သို့သော်ပြန်ထိန်းကာ နှုတ်ခမ်းမှသွေးတို့ကိုသုတ်လိုက်သည်။

"မင်း မင်း...
မျက်နှာပြောင်တိုက်လှချည်လား ဟမ်
Jeon Jungkook"

           🌳 Divorce Scenario 🌳

ဂျပန်နိုင်ငံ၏ 25ထပ်မြောက် Software Company တခုတွင်ဖြစ်သည်။

ခန်းနားလှသည့်အဆောင်အယောင်တွေ‌နှင့် CCTV တွေကလည်းပါတ်ပါတ်လည်ပင်။

Mic တွေကြားတွင်နေရာယူထားသူကတော့ All Black နှင့် နေကာမျက်မှန် အပြာနုကိုတပ်ဆင်ထားသော အသက်20ကျော်အရွယ်လူငယ်မျိုးဆက်သစ်တယောက်။

စကားပြောကြားသည့်အစီအစဉ်အဆုံး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြတော့ ထိုလူငယ့်ဘေးမှ နောက်ထပ်လူငယ် 4ယောက်နှင့်ပင်။

ထိုသူတွေကတော့ Software Kings MK2PJ ပင်နှစ်ယောက်မရှိပါတော့ချေ။

ထပ်၍ထူးခြားသည်က ထို Company ၏ CEO ကလည်း အသက်20ကျော်လူငယ်လူရွယ်ပင်။

သူကတော့ Jeon JK ပင်...

"အားလုံးပဲ ပင်ပမ်းသွားကြပြီ"

"အွန်း အမှန်ပဲ ဟ ဟ"

Jungkook က လောကဝတ်ပြုတော့ ထယ်ယောင်းလည်း ဟန်မဆောင်ဘဲ ဒဲ့သာပြောလိုက်သည်။

ထယ်ယောင်းတို့ဘက်မှလည်း သူတို့တင်သွင်းသည့် Company CEO ကိုကြိုတင်သိမထားသလို Jungkook ဘက်မှလည်း Software Kings တွေ၏ Program တွေကိုသာသဘောကျ၍ကမ်းလှမ်းခဲ့ချင်းပင်။
အခုလို MK2PJ ဖြစ်နေမည်မှန်းမသိ။

ဒါဆို Software Kingsတွေကိုသူကိုယ်တိုင်သွားကြိုခဲ့သည်ပေါ့လေ။

"ဒါဆို ကျနော်ကနေ့လည်စာဖိတ်ကျွေးလို့ရမလား"

"အိုး ရပါတယ်
ကင်မ်နဲ့ အဆက်တွေမရှိတော့တာမို့ အေးဆေးလက်ခံပါတယ်"

"အာ..ဟုတ်ကဲ့"

ယွန်းဂီ၏ပြောစကားကြောင့် ကိုယ့်ကိုကိုယ်မလုံမလဲပင်။
မကြာခင် ကျနော်က သူတို့"ထယ်ယောင်းကိုပြန်ရအောင်ယူမယ်"ဆိုတာကိုသူတို့လျှော့တွက်ထားပုံပင်။

Dɪᴠᴏʀᴄᴇ Sᴄᴇɴᴀʀɪᴏ [KOOᗰOՏ]Where stories live. Discover now