🌳Episode 13🌳

2.5K 133 2
                                    

4နှစ်အတွင်း သမက်လေးဟာ Mr.Kim အတွက်တကယ့်သားအရင်းလေးပမာ အားကိုးခဲ့ရပေသည်။အိမ်ကိုလည်း အဝင်အထွက်လုပ်ခွင့်ပြုထားသော တဦးတည်းသောသူပင်။ထိုအကြောင်းတွေကို သားငယ်သာသိပါက ဘယ်လိုတောင်မိုးမီးလောင်လိမ့်မည်နည်း။

Mr.Kim လည်းတွေးနေရင်း Jungkook ရေချိုးပြီးဆင်းအလာကို ထမင်းစားရန် ဧည့်ခန်းထဲတွင် သတင်းစာဖတ်ရင်းထိုင်စောင့်နေလိုက်ပေသည်။

"ဟေး...
အဖိုးကြီး ပြန်လာပြီဗျ ဟ ဟ"

"ဟင် ထယ်"

"ဟင် Jungkook"

"Jeon Jungkook"

           🌳 Divorce Scenario 🌳

"ဟယ်..သမက်လေးပြန်လာပြီလား"

"ဟုတ်အဖေ
ဂျပန်မှာသားလေ..."

"အွန်းသမက်လေး"

"ထယ့်ကိုတွေ့ခဲ့တယ်"

"ဟေ..."

Mr.Kim တယောက် jungkook စကားကြောင့် မျက်ဝန်းအိမ်ဝယ် သားငယ်ကိုလွမ်းသည့်စိတ်များကိန်းအောင်း လာလေတော့သည်။

တဆက်တည်း တဇွတ်ထိုးလုပ်တတ်သည့် သားငယ်၏‌ ရှေးရေးကိုပါ စိတ်ပူလာရပြန်သည်။

"သမက် Kook "

"ဟုတ်ကဲ့အဖေ"

"ဒီ‌4နှစ်အတွင်းသမက်လေးရဲ့စိတ်ရင်းကိုအဖေသိခဲ့ရပြီးပါပြီ။
သားငယ်အပေါ်မှာထားတဲ့ သမက်လေးရဲ့ သဘောထားကိုလည်း အဖေသိပါတယ်။
သမက်လေးက ယောကျာ်းတယောက်ပဲ လေ...ကြိုက်တဲ့သူနဲ့တွဲနေတာအဖေအပြစ်မယူပါဘူး။
ပြီးတော့က...
သမက်လေးရဲ့ ကိုယ်ကျင့်တရားကိုလည်း အဖေသိခဲ့ပြီးပါပြီ။
အရင်ကသမက်လေးဘယ်လိုပဲရှုပ်ပွေခဲ့ပွေခဲ့ ဒီ4နှစ်အတွင်း သားငယ်အတွက်ဆောင့်ထိန်းခဲ့တာတွေကို အဖေသိခဲ့ပါတယ်"

"ဟုတ်ကဲ့ သားကိုနားလည်ပေးလို့ကျေးဇူးပါအဖေ"

Jungkook က Mr.Kim ၏အိမ်နာက်ဖေးမှ သူကိုယ်တိုင်စိုက်ပျိုးထားသော ထယ်ယောင်းအတွက် စတော်ဘယ်ရီပင်တွေကို ပေါင်းသင်နေရင်း သေချာကျိုးကျိုးနွန်နွန်ကျေးဇူးတင်စကားပြောလိုက်သည်။

"ဟိုတလောက ခမည်းခမက်တို့နဲ့တွေ့ခဲ့တယ်။
သူတို့ကလည်းသားကို အဖေ့သမက်အဖြစ်လက်ခံပေးဖို့ ပြောခဲ့ကြသေးတယ်ဟေ့"

Dɪᴠᴏʀᴄᴇ Sᴄᴇɴᴀʀɪᴏ [KOOᗰOՏ]Where stories live. Discover now