Tearing Me Up Chapter 1

23.1K 595 62
                                    

Unicode

Tearing Me Up Chapter 1

ဇေယျသိဟ်ခ အိမ်တော်ခြံဝန်းထဲ ခြေချလိုက်တာနှင့် ခြံရံ့မျက်ဝန်းများက အတိတ်ကနာကျင်မှုများ ဖြတ်ပြေးသွားသည်။ မာကျောနေသောမျက်ဝန်းများက အိမ်တော်ကိုလှမ်းကြည့်ရင်း သူ့ရှူးဖိနပ်ရှေ့မှာပေရေနေသည့် ဖုန်စအချို့ကိုကြည့်လိုက်မိတော့ မျက်မှောင်အနည်းငယ်ကုတ်သွားသည်။ ခြံရံ့မျက်နှာကရိပ်ခနဲ မှိုင်းညို့သွားတာနှင့် နံဘေးမှာအဆင်သင့်ရပ်နေသည့် လက် အောက်ငယ်သားက မြေပြင်ပေါ်ဒူးထောက်ထိုင်ချလိုက်ပြီး လက်ဖမိုးနှင့် ဖိနပ်ကိုခပ်ဖွဖွသုတ်ပေးလိုက်ရသည်။ နောက်တော့ မျက်နှာ အပြောင်းအလဲမရှိစေဘဲ မလှမ်းမကမ်းမှာပြန်ရပ်နေသည်။

နောက် ခြံရံအထဲမဝင်သေးသဖြင့် ခြံရံနှင့်အတူပါလာသော အလုပ်သမားများအားလုံးလည်း ကားများအနားတွင်သာမတ်တပ်ရပ်လျက်စောင့်ဆိုင်းနေကြသည်။ ခြံရံ့ကိုအနီးကပ်စောင့်ရှောက်ရသည့် ဦးလေးဇာနည်ကအစ ဘာစကားမှမပြောဘဲ ခြံရံ့အရိပ်အခြည်ကိုကြည့်နေသည်။ ပြင်ဦးလွင်လိုရာသီဥတုမျိုးမှာ ဒူးလောက်ရှည်သောကုတ်အင်္ကျီကိုဝတ်ထားသည့် ခြံရံ့ပုံစံက မျက်လုံးထဲအရှိန်အဝါအပြည့်နှင့် ကြည့်ကောင်းနေသည်။ သို့သော် မာကျောအေးစက်မှုကလွဲပြီးဘာမှမရှိသည့် မျက်ဝန်းတစ်စုံကတော့ အိမ်တော်ကိုပြန်လှန်ငေးကြည့်လျက် လက်ထဲကဆေးလိပ်ကိုကုန်စင်အောင်ခဲနေသည်။

"ကတ်ပြား....."

ခြံရံ စကားလေးတစ်ခွန်းပြောလိုက်တာနှင့် ငယ်သားများကချက်ချင်း ခြံဝန်းအဝမှာတပ်ထားသည့် "ဇေယျသိဟ်ခ" အိမ်တော် ဟူသည့်ဆိုင်းဘုတ်အောက်က ဦးထွန်းနောင်ဇေယျ ဟူသောနာမည်ကိုဖြုတ်ပစ်လိုက်ကြသည်။ နောက်တော့ အဆင်သင့်ပါလာသည့် ကျွန်းသားမှာထွင်းထုထားသော "မုန်းမျက်ခြံရံ" ဟူသော နာမည်ကတ်ပြားကို အစားထိုးလဲလှည်လိုက်ကြသည်။

"ဝင်ရအောင်....."

ခြံရံကပြောပြီး ကားဘက်ပြန်လှည့်လာကာ ကားပေါ်တက်ထိုင်လိုက်သည်။ အိမ်တော်ကြီးက ကျယ်ဝန်းလှတာကြောင့် ခြံဝကနေစင်ဝင်ရှေ့ထိရောက်အောင် ခြံရံလမ်းလျှောက်ပြီး မသွားနိုင်။ မသွားချင်။ မသွားလိုပါ။

Tearing Me Up (BL OC )Where stories live. Discover now