Tearing Me Up Chapter 5

3.9K 277 165
                                    

Unicode

Tearing Me Up Chapter 5

ခြံရံ မျက်လုံးများဖွင့်ဖို့ကြိုးစားလိုက်သည့်အခါ ခေါင်းတစ်ခုလုံးက အလွန်ကိုက်ခဲနေတာကိုဦးစွာခံစားလိုက်ရသည်။ မျက်ရိုးများကိုနှိပ်ရင်း မျက်လုံးဖွင့်ကြည့်လိုက်တော့ အလင်းရောင်စူးစူးများကြောင့် မခံနိုင်ဘဲပြန်မှိတ်လိုက်ရသည်။ နောက်မှ ဖြည်းဖြည်းချင်းဖွင့်ယူလိုက်တော့ မျက်နှာကျက်မှ မှိန်မှိန်ပြပြ ပန်းချီများကိုမြင်ရသည်။

"အစ်ကိုလေး နိုးလာပြီလား..... "

သူ့နံဘေး မလှမ်းမကမ်းမှာရှိနေသည့် ဦးဇာနည်ကမေးလာသည်။ ခြံရံ ထထိုင်လိုက်တော့ ရေတစ်ခွက်ကိုသူ့လက်ထဲ ထည့်ပေးလာ၏။

"အိပ်ပျော်နေတာ နှစ်ရက်တောင်ရှိခဲ့ပြီ...."

နှုတ်ခမ်းများက အတော်ကိုခြောက်သွေ့နေတာကြောင့် ရေတစ်ခွက်ကုန်စင်အောင်မော့သောက်လိုက်သည်။ ခန္ဓာကိုယ်က နာကျင်မှုမရှိတော့သော်လည်း စိတ်အခြေအနေမကောင်းလှတာမို့ ခြံရံ့မျက်နှာက သုန်မှုန်နေပေ၏။

"သူရော......"

"ခင်ဗျာ.... သခင်လေးရှင်းသကိုပြောတာလား.... "

ခြံရံက ဆက်မမေးဘဲ သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်ပြီးမှ

"ထားလိုက်တော့.....မသိချင်တော့ဘူး။"

ဟုပြောကာ အင်္ကျီဆွဲချွတ်ရင်း ရေချိုးခန်းထဲကိုဝင်သွားတော့၏။

နောက်တော့ ခြံရံ အလုပ်ကိစ္စ စီမံစရာရှိနေသေး၍ နိုးလာပြီးသိပ်မကြာခင်မှာပင် အပြင်ကိုထွက်သွားတော့၏။ အနီးကပ်ပြုစုပေးရသည့် အစေခံများမှာတော့ ခြံရံ့ခံနိုင်ရည်ကိုအံ့သြနေကြသည်။

xxx

"ရှင်းသ....။ အစ်ကိုလေးက မှာသွားတယ်။ အခန်းသန့်ရှင်းရေးလုပ်ထားတဲ့။"

နေ့လယ်ခင်းအရောက်မှာ ငယ်သားတစ်ယောက်လာပြောတာကြောင့် ရှင်းသအပေါ်ထပ်ကိုတက်သွားလိုက်သည်။ အပေါ်ရောက်သွားတော့ ခြံရံမရှိ။ လူမရှိသော အခန်းထဲ ဘယ်နေရာက စပြီး သန့်ရှင်းရေးလုပ်ရမလဲဆိုတာကိုကြည့်မိသည်။ ညစ်ပေနေသောနေရာဆိုတာမရှိ။ တစ်ခန်းလုံးက သန့်ရှင်းနေပြီးသားဖြစ်သော်လည်း ခြံရံမှာသွားတာကြောင့် ရှင်းသ လက်ချောင်းသွယ်လေးများက အညိုရောင် ကြက်မွှေးတစ်ချောင်းကောက်ကိုင်လိုက်ပြီး ဆိုဖာ၊ စားပွဲနှင့်အခန်းထောင့်လေးများကို နှစ်ချက်သုံးချက်မျှ ပုတ်လိုက်သည်။ နဂိုကတည်းကသန့်ရှင်းရေးလုပ်ရတာကို ဝါသနာထုံသူမဟုတ်တာကြောင့် ရှင်းသ က ခါးတစ်ချက်မချိုးဘဲ သန့်ရှင်းရေးလုပ်နေခြင်းဖြစ်သည်။

Tearing Me Up (BL OC )Where stories live. Discover now