Tearing Me Up Chapter 9

3.4K 246 63
                                    

Unicode

Tearing Me Up Chapter 9

နီညိုရောင်ကျွန်းသား တံခါးရှည်ကြီး၏ အပြင်ဘက်တွင် မှီရပ်နေသော ခြံရံသည် လက်ထဲမှ အငွေ့တလူလူလွင့်နေသော ဆေးလိပ်တိုကို ကြည့်နေလျက်ရှိသည်။ အနားမှာရှိသော ဦးဇာနည်ကလည်း မည်သည့်စကားမျှမဆိုဘဲ ခြံရံ့အခြေအနေကိုကြည့်နေ၏။ ဆေးလိပ်မီးကိုကြည့်နေရင်း အခန်းတွင်းက ရှင်းသရဲ့ ဒေါသသံတချို့ကိုကြားရသောအခါ ခြံရံ့မျက်နှာက ပြုံးရိပ်ပြုံးယောင်သမ်းသွားသည်။ သို့သော် မျက်လုံးတို့ကတော့ ခြောက်သွေ့နေဆဲဖြစ်၏။

"မုန်းမျက်ခြံရံ......"

ရှင်းသ က အခန်းထဲကနေနောက်တစ်ကြိမ် အော်နေပြန်လေပြီ။

ခြံရံရယ်ချလိုက်ပြီး ထိုအော်သံကိုမကြားသလိုနှင့် ဦးဇာနည်ကိုသာ လှမ်းကြည့်လိုက်သည်။

"ဘယ်လိုလဲ.... ကျွန်တော်လုပ်ခိုင်းထားတဲ့ ကိစ္စရော... အဆင်ပြေလား...."

"အဲဒီအိမ်ကို လူထည့်ထားလိုက်ပါပြီ... မကြာခင် တစ်ခုခုတော့ကြားရပါလိမ့်မယ်...."

ခြံရံက ခေါင်းတငြိမ့်ငြိမ့်နှင့် နားထောင်နေပြီး

"သူတို့ကြားမှာဘာတွေရှိလဲဆိုတာ သိရမှဖြစ်မယ်...."

ဟုပြောပြီး အခန်းတံခါးကိုဖွင့်၍ ဝင်သွားတော့၏။

"မင်းလား....ငါ့ကိုအခုလွှတ်ပေး မုန်းမျက်ခြံရံ..... "

အခန်းထဲရောက်ရောက်ချင်းမှာ ထွက်ပေါ်လာသည့် ရှင်းသ စကားသံက အမိန့်ပေးသံဆန်နေပြန်သည်။ အိမ်ကိုပြန်ဆွဲခေါ်လာခဲ့ ကတည်းက ငှက်ကလေးတစ်ကောင်လို အခန်းထဲထည့်ပိတ်ပြီး သိမ်းထားခဲ့ရုံမက လှုပ်ရှားမရအောင် ကြိုးတွေနှင့်ချည်နှောင်ထားခဲ့တာတောင် ရှင်းသလေသံက နည်းနည်းလေးမှပျော့ပျောင်း၍ မသွားသေး။ ဒီတစ်ကြိမ်တော့ ခြံရံ ရှင်းသရဲ့ခံနိုင်ရည် မည်မျှအထိရှိနိုင်မည်ကိုသိလိုလှသည်။

"ကျွန်တော်ပါပဲ....ဒါပေမဲ့ လွှတ်ပေးဖို့တော့မဟုတ်ဘူး...."

ခြံရံက ပြောနေရင်း ရှင်းသ ကို တုပ်နှောင်ထားသည့် ခုတင်ပေါ်တက်လို့သွားပြီး ရှင်းသ ကိုယ်ပေါ်ခွကာထိုင်ချလိုက်သည်။ ပိန်သွယ်သော်လည်း ပြည့်တင်းသော ရင်ဘတ်ပေါ် လက်ချောင်းထိပ်ဖျားများနှင့်ထိတွေ့လိုက်တော့ ရှင်းသ အသက်ရှူရပ်သွားတာကို မျက်ဝါးထင်ထင်မြင်တွေ့လိုက်ရသည်။ ဘာကိုမှမမြင်ရအောင် မျက်လုံးမှာစည်းထားသော ပဝါစအား ဆွဲဖြုတ်လိုက်သောအခါမှာတော့ ခြံရံဟာ မီးတောင်တစ်လုံးထက်ပို၍ လောင်ကျွမ်းစေနိုင်သော ရှင်းသရဲ့ မျက်ဝန်းစူးစူးများကိုမြင်တွေ့လိုက်ရ၏။

Tearing Me Up (BL OC )Where stories live. Discover now