Tearing Me Up Chapter 20

2.8K 153 67
                                    

Unicode

Tearing Me Up Chapter 20

"သခင်လေး...."

ရှင်းသလက်ဖဝါးလေးက သစ်ကိုင်းခတ်လေးလှုပ်ခါသွားသလို ညင်သာသောအရှိန်နှင့်လေပေါ်မြောက်တက်လာသည်။ သူ့ကိုမြင်ပြီး နှုတ်ခွန်းဆတ်လာသော ဦးဇာနည်အား လက်ဟန်ပြကာ တားဆီးလိုက်ခြင်းဖြစ်၏။ ထို့နောက် အေးဆေးတည်ငြိမ်ပုံပေါက်သောမျက်လုံးများက အဝေးတစ်နေရာကိုလှမ်းကြည့်နေသည်။ ဆိုင်ကယ်တစ်စီးနှင့်အတူ အပြင်ကိုထွက်သွားကြသော ခွန်သနှင့် Dean ကိုအတန်ကြာအောင်ရပ်ကြည့်နေပြီးပါမှ ရှင်းသလှုပ်ရှားလာသည်။

ရှင်းသသည် ပထမဆုံးအနေနှင့် လက်ပတ်နာရီကိုတစ်ချက်ကြည့်သည်။ ထို့နောက် ခြံဝန်းတံခါးဝကိုစိုက်ကြည့်နေပြီးတော့မှ သူ့နံဘေးတွင်ရှိနေသော စက္ကူပန်းရုံဘက်လှည့်လို့သွားသည်။ သူသည် အနီရောင်ရဲရဲစိုနေသော ထိုပန်းရုံမှ စက္ကူပန်းပွင့်များကို သူ၏ကြည်လင်သောလက်ဖဝါးလေးများနှင့် ဖွဖွလျလျ ကိုယ်တွယ်နေသည်။ တစ်ခုခုကိုစဥ်းစားနေတာကြောင့် ကော့ရရော့ဖြစ်နေသောပွင့်ချပ်များကို ကြည့်နေသည်မျက်လုံးလေးများက ငြိမ်သက်လျက်ရှိသည်။ သူသည် ပွင့်ချပ်လေးများ၊ အလွန်တရာနူးညံ့သောရိုးတံကလေးများနှင့် ဝတ်ဆံကလေးများကို လက်ချောင်းထိပ်ကလေးဖြင့် တို့ထိနေသည်။

သူ့အတွေးထဲမှာတော့ ခွန်သနှင့် Dean ရဲ့ပက်သက်မှုကို တိတိကျကျမသိရသေးတာကြောင့် အဖြေထုတ်နေလျက်ရှိသည်။ ထိုနှစ်ယောက်ရဲ့ပက်သက်မှုက ရင်းနှီးသလိုရှိသော်လည်း ရင်းနှီးနေတာနှင့်မတူ။ တစ်ယောက်နှင့်တစ်ယောက် သူငယ်ချင်းအပေါင်းအသင်းကဲ့သို့ ခေါ်ဝေါ်ပြောဆိုနေသော်လည်း သူ့အမြင်မှာတော့ ဒီလိုမဟုတ်။ သို့ဆိုပြီး သူနှင့်ခြံရံ့လိုပက်သက်နေသောသူတွေမျိုးလည်း ဟုတ်ဟန်မတူပြန်ပေ။

အမျိုးမျိုးလှည့်ပြောင်းစဥ်းစားရင်း ရှင်းသသည် တဖြည်းဖြည်းခေါင်းရှုပ်လာသည်။ ထိုအခါသူ၏ မျက်ခုံးတန်းလေးများကအလယ်ကိုစုရုံးလာသည်။ နှုတ်ခမ်းပါးကလေးများကလည်း ပြုံးသည့်အရိပ်အယောင်တို့ ကင်းမဲ့လာသည်။ သို့သော်လည်း မျက်နှာ အစိတ်အပိုင်းအားလုံးလှပသူဖြစ်တာကြောင့် ရှင်းသ၏မျက်မှောက်ကုတ်ထားခြင်းသည်ပင် တစ်မျိုးလေး လှပနေသေးပြန်သည်။

Tearing Me Up (BL OC )Where stories live. Discover now