Tearing Me Up Chapter 14

3.8K 231 133
                                    

Unicode

Tearing Me Up Chapter 14

အိပ်စက်ခြင်းမှ လွန်မြောက်လာတာနှင့် အာရုံများက သိရှိခံစားလာရတာက အေးစက်သော မိုးရေစက်များတော့မဟုတ်။ လက်များကစမ်းသပ်ကြည့်လိုက်တော့ နူးညံ့နွေးထွေးသော အိပ်ရာခင်း၏အထိအတွေ့ကိုခံစားလိုက်ရသည်။ ရှင်းသ မျက်လုံးမဖွင့်မိသေး။ အသက်ကိုမှန်စွာရှူရှိုက်နေသည်။ သတိကင်းလွတ်မသွားခင်အချိန်ကို ပြန်တွေးလိုက်တော့ သူ ရေတွင်းထဲမှာ စောင့်ဆိုင်းနေရင်း ရေတွေတက်လာတာကို သတိရသည်။ မိုးရွာလွန်းတာကြောင့် ရေတွေက သူ့တစ်ကိုယ်လုံးဖုံးလွှမ်းသွားခဲ့ပြီး ခန္ဓာကိုယ်က ရေမကူးနိုင်တော့လောက်အောင် ပင်ပန်းနေခဲ့တာကြောင့် သူ အသက်ရှင်ဖို့ကူးခတ်နေသည့် လက်များကို ရပ်တန့်ပစ်ခဲ့သည်။

ခြံရံရောက်လာမယ်ဆိုတာ သိသော်လည်း ခြံရံရောက်လာတဲ့အခိုက်အတန့်ဟာ သူ့ခေါင်းထဲ မရှိတော့။ ခြံရံရောက်လာသည့်အချိန်မှာ သူသတိလွတ်သွားတာပဲ ဖြစ်ရမည်။ ဤသို့နှင့် ခြံရံ့ အကြောင်းတွေးလိုက်မိတော့ ရှင်းသ မျက်မှောင်ကုတ်လိုက်မိသည်။ ခြံရံသူ့ကို စိတ်ဆိုးနေဦးမယ်ဆိုတာ ခန့်မှန်းမိတာကြောင့် စိတ်ထဲ အနည်းငယ် လေးလံမိသည်။ သို့သော်လည်း ခြံရံ့ကို အကြောင်းစုံ ရှင်းပြပြီးတောင်းပန်တာမျိုးကို မလုပ်ချင်။

ရှင်းသ တွေးတောနေခိုက် အသံတချို့ကြားလိုက်ရတော့ မျက်လုံးတို့အသာဖွင့်ကြည့်လိုက်သည်။ နေရာက သူလက်ရှိနေနေသော အခန်းပဲ ဖြစ်ပြီး အခန်းထဲမှာတော့ ခြံရံထိုင်နေတာကိုမြင်ရသည်။ ရှင်းသ ဟာ သူနိုးနေတာကိုမသိစေချင်သေးတာကြောင့် အသံမထွက်ဘဲ ခြံရံ့ကိုလှမ်းကြည့်နေသည်။ ခြံရံကမူ
ကျွန်းညိုရောင် သစ်သားထိုင်ခုံမှာ ခြေချိတ်ထိုင်နေပြီး စာအုပ်တစ်အုပ်ဖတ်နေသည်။ သို့သော် ခြံရံသတိမေ့နေစဥ်က သူလုပ်ခဲ့သလို သူ့အနီးမှာ စာဖတ်ပြနေတာတော့မဟုတ်။ ခပ်ဝေးဝေးမှာ ရှိနေတာဖြစ်သည်။ သို့သော်လည်း ဒါဟာ ကိစ္စမရှိ။ ခြံရံ့ကို မြင်လိုက်ရပြီ ဆိုတာကပင် ရှင်းသ အတွက်လုံလောက်သော ကိစ္စတစ်ခုဖြစ်သည်။

"အဟွပ်......."

ခြံရံကိုအကြာကြီးငေးနေမိရင်း လည်ချောင်းယားလာတာကြောင့် ရှင်းသ ချောင်းဟန့်မိတော့ ခြံရံ့ဆီက အေးစက်စက်အကြည့်များက သူ့ဆီရောက်လာသည်။ ခြံရံဟာ စာအုပ်ကိုပစ်ချလိုက်ပြီး ရှင်းသ ရှိရာဆီလျှောက်လာ၏။ နီးကပ်လာသော ခြေသံတစ်လှမ်းစီတိုင်းဟာ ရှင်းသ နှလုံးသားကို တိုးတိုးကလေးခုန်နေစေသည်။ အကြည့်ချင်းဆုံသွားသည့်အခိုက်မှာတော့ ခြံရံက နှုတ်ခမ်းမဲ့ပစ်လိုက်သည်။

Tearing Me Up (BL OC )Where stories live. Discover now