Tearing Me Up Chapter 23

2.7K 153 58
                                    

Unicode

Tearing My Up Chapter 23

"ဟေး.....ထစမ်း......."

"အိပ်ကောင်းမနေနဲ့ ထတော့....."

နားထဲဝင်လာသော ဆူညံသံတချို့ကြောင့် အသိစိတ်ကပိုမိုရှုပ်ထွေးလာသည်။ မှောင်မိုက်နေတာကြောင့် မျက်ခွံတို့ကိုကြိုးစားဖွင့်လှစ်လိုက်တော့ မျက်တောင်ကြားထဲအထိ စီးကျနေသော ရေစက်များကြောင့် မြင်ကွင်းကမကြည်မလင်ဖြစ်နေ၏။ သူ့ကိုတစ်ယောက်ယောက်က ရေဖြင့်ပက်ကာနှိုးနေခြင်းပင်။

ဘုန်း.......

အားနှင့် ဆောင့်ကန်ခံလိုက်ရသောကြောင့် ခန္ဓာကိုယ်က အေးစက်သောစကျင်ကျောက်ပြားကြမ်းပြင်ပေါ်မှာလူးလိမ့်သွားသည်။

အဟွတ်.....

ချောင်းဆိုးဖို့ ကြိုးစားလိုက်သည့်အခါ ဆိုး၍မရနိုင်ဘဲ ပါးစပ်ကိုလည်းတိတ်ဖြင့်အပိတ်ခံထားရကြောင်း သိလိုက်ရ၏။

"တော်တော့....."

ထိုအသံကို ရှင်းသမှတ်မိသည်။ တစ်ကြိမ်သာကြားဖူးခဲ့သည့်အသံဆိုသော်လည်း ထိုအေးစက်စက်အသံကိုသူမှတ်မိနေပါ၏။ ရှင်းသမျက်လုံးတွေဖွင့်ကြည့်လိုက်တော့ အရင်ဆုံးမြင်ရတာက မီးဆိုင်းများအပြည့်ချိတ်ဆွဲထားသည့် အဖြူရောင်ဧည့်ခန်းမကျယ်ကြီးဖြစ်သည်။ တစ်ဆက်တည်းမျက်လုံးဝေ့ကြည့်လိုက်သည့်အခါ တိုင်လုံးဖြူများပြည့်နေသည့် ခန်းမတစ်ခုလုံးမှာ အစောင့်ပေါင်းများစွာ ရှိနေတာကိုမြင်ရသည်။ အခန်းထောင့်တစ်နေရာမှာတော့ ခွန်သရပ်နေတာကိုမြင်ရပြီး သူ့အနားကိုလျှောက်လာသည့် လူရိပ်တစ်ခုကိုမြင်လိုက်ရသည်။

သူပဲ....

"မင်းပဲ ကိုး....."

သူက စိတ်ထဲမှရေရွတ်မိသကဲ့သို့ပင် ထိုသူကလည်းသူ့ကိုကြည့်ပြီး ကြမ်းပြင်ပေါ်ဒူးတစ်ဖက်ထောက် ထိုင်လာသည်။ ပါးစပ်ကိုပိတ်ထားရုံမကဘဲ လက်တွေကိုလည်းကြိုးဖြင့်တုပ်ထားတာကြောင့် ရှင်းသလှုပ်၍မရ။

"အဲဒီတုန်းက ထင်တော့ထင်သားပဲ....ဘယ်လိုစျေးသည်မျိုးက ဒီလိုရုပ်ရည်မျိုးရှိမလဲလို့လေ...."

သခင်က ရှင်းသမေးစေ့ကိုကိုင်ထားကာပြောသည်။

"ဆိုတော့ မင်းက မုန်းမျက်ခြံရံရဲ့အသည်းကျော်လေးပေါ့....."

Tearing Me Up (BL OC )Where stories live. Discover now