Tearing Me Up Chapter 4

4K 281 147
                                    

Unicode

Tearing Me Up Chapter 4

ခြံရံ အပေါ်ထပ်မှာစောင့်နေတယ်ဟု ပြောသဖြင့် ရှင်းသ အပေါ်ကိုတက်သွားရသည်။ လှေကားထစ်များစွာပေါ်တည်ငြိမ်စွာတက်လာပြီး အပေါ်ရောက်တော့ ခြံရံနေသည့် အပေါ်ထပ် တစ်ခုလုံး၏ အပြင်အဆင်ကို သူတို့နေစဥ်ကနှင့်မတူအောင်ပြောင်းလဲထားတာကိုတွေ့ရသည်။ ရက်အနည်းငယ်လေးအတွင်း နံရံကပ်စက္ကူတွေ၊ ကော်ဇောတွေ၊ မီးဆိုင်းတွေနှင့် ပရိဘောဂတွေအကုန်လုံးကို ခြံရံက သူ့စိတ်ကြိုက်ပြောင်းလဲထားခဲ့ပြီဖြစ်သည်။ နဂို သူ့စာအုပ်တွေတင်ထားသောစင်က ဝိုင်ပုလင်းနှင့် ရှန်ပိန်ပုလင်းတွေ တင်ထားရာနေရာအဖြစ်ပြောင်းလဲသွားတော့ ရှင်းသ မျက်ခုံးလေးတွေက မဆိုစလောက်ကွေးညွတ် လှုပ်ရှားသွားသည်။

ခြံရံ့ အခန်းတံခါးက ဖွင့်ထားလျက်သားဆိုပေမယ့် ရှင်းသ တံခါးနှစ်ချက်ခေါက်လိုက်သည်။ ဝင်ခဲ့ ဟုခွင့်ပြုသံကြားတော့မှ ခြေနှစ်လှမ်းလောက်ရှေ့တိုးလိုက်သည်။

အခန်းထဲရောက်သွားသည့်တိုင် ရှင်းသ က ခြံရံ့ကိုမကြည့်ဘဲ ကျားရေကော်ဇောကိုသာကြည့်နေသော်လည်း ခြံရံ့မျက်လုံးတွေကတော့ ရှင်းသဆီက လွှဲဖယ်သွားခြင်းမရှိ။

လည်တိုင်ကနေ ရင်ဘတ်အထိ ဇာပျော့ပျော့လေးများပါဝင်သည့် အဖြူရောင် ဗစ်တိုးရီးယန်းရှပ်ကိုအညိုဖျော့ရောင်ဝတ်စကုပ်နှင့် တွဲဝတ်ထားသည့် ရှင်းသ အသွင် အပြင်ကို ကြည့်ရင်း ခြံရံလက်ရှိအချိန်တွေကိုမေ့လျော့သွားရသည်။ သူ့ကိုယ်သူ လွန်ခဲ့သည့် ဆယ်နှစ်က ဆယ့်ခုနှစ်နှစ်သားတစ်ယောက်လို့သာ ထင်နေမိရင်း ရှင်းသကိုငေးကြည့်နေသည်။

လက်ကောက်ဝတ်အထိ ကျနေသောဇာအနားသားများက ရှင်းသ အနားလိပ်ပြာတောင်ပံတွေလို လူးလွန့်နေသည့်မြင်ကွင်းက သူငယ်ငယ်က ရှင်းသကို မှင်သက်ပြီးငေးကြည့်ခဲ့ဖူးသော မြင်ကွင်းနှင့်တစ်ထေရာတည်းလိုဖြစ်နေသည်။ ထိုအချိန်ကဆို ရှင်းသ က ကောလိပ်ကျောင်းသားတစ်ဦးဖြစ်ပြီး မနက်ခင်းတိုင်း မြင်းလှည်းစီး၍ကျောင်းသွားတတ်သည်။ စာရွက်စာတမ်းများညှပ်ထားသော ဖိုင်တွဲကို သွယ်လျသောသူ့လက်ချောင်းရှည်လေးများနှင့် ကိုင်ထားတတ်တာက အကျင့်တစ်ခုလိုဖြစ်သည်။ ထိုအချိန်ကရှင်းသ က သူ့ကိုသိပ်ပြီးဂရုမစိုက်သော်လည်း မမ မဒီလိုအနိုင်ကျင့်တာတော့မရှိ။ သို့ဆိုပြီး မမ မဒီအနိုင်ကျင့်နေသောအချိန်တွေမှာလည်း ကာကွယ်ပေးတာမျိုးမရှိပါ။

Tearing Me Up (BL OC )Where stories live. Discover now