Tearing Me Up Chapter 19

5.1K 238 117
                                    

Unicode

Tearing Me Up Chapter 19

လေးပင်သောခြေလှမ်းတို့အား နှေးကွေးစွာလှမ်းနေရင်း ခြံရံအပေါ်ထပ်ကိုတက်လာခဲ့သည်။ ရှင်းသအတွက် ခံစားရသောခံစားချက်များက ရင်ထဲမှာပြည့်နှက်လျက်ရှိနေတာကြောင့် နှလုံးသားကပူနွေးနေသည်။

အခန်းတံခါးအား အသာတွန်းဖွင့်လိုက်ပြီး ခွန်သကိုကြည့်လိုက်သော်လည်း သူ့မျက်လုံးထဲမှာခွန်သကိုမမြင်တော့။ အောက်ထပ်မှာကျန်နေခဲ့သည့် ရှင်းသကိုသာမြင်နေသည်။ သူ့ခန္ဓာကိုယ်မှာ ချည်နှောင်ထားသည့် ရှင်းသရဲ့ကိုယ်သင်းနံ့လေးဟာ သူ့အတွေးအာရုံတွေကို တစ်ရစ်ပြီးတစ်ရစ် တွယ်ပတ်ထားသည်။ ရှင်းသဟာ နွယ်ပင်လိုသူ့ကို ရစ်ချည်ထားပြန်လေပြီ။ သူဟာ ဘယ်နေရာကိုပဲကြည့်ကြည့် ရှင်းသကိုပဲမြင်ယောင်နေရလောက်အထိ ထိုသူ့အပေါ်ရူးသွပ်မိပြန်ရပြီဖြစ်၏။

ခြံရံဟာ သက်ပြင်းတစ်ရှိုက်ကိုနက်ရှိုင်းစွာချပစ်လိုက်၏။

"ခွန်သ......."

ခွန်သ က သူနားမလည်နိုင်သော အကြည့်မျိုးဖြင့် သူ့ကိုစိုက်ကြည့်နေပြီး ခွန်သမျက်နှာက သာမန်နှင့်မတူ။ အရောင်မှိုင်းနေသည်။ တစ်ခုခုကို ခံစားရနေဟန်တူသည်။ နောက်ပြီး ထိုကဲ့သို့ခံစားနေရတာကို ဖုံးကွယ်သိုဝှက်ထားဟန်လည်းတူလေသည်။

သူ ဝင်လာတာကိုမြင်တော့ ခွန်သကလှည့်ကြည့်လာပြီးမေးသည်။

"မင်းရွေးချယ်ပြီးပြီလား....."

ခွန်သက မေးလာသော်လည်း သူ့မှာဖြေစရာမရှိ။ သူဟာခွန်သကိုလည်း အဝေးမပို့နိုင်သလို ရှင်းသကိုလည်းလက်မလွှတ်နိုင်သူဖြစ်သည်။ သို့သော်လည်း ယခင်နှင့်မတူဘဲ ကွဲပြားခြားနားသွားသည်ကတော့ သူဟာ ရှင်းသအပေါ်ဘယ်လိုခံစားချက်မျိုးရှိသလဲဆိုတာ ရှင်းရှင်းလင်းလင်းသိရှိသွားတာပဲ ဖြစ်သည်။

"ငါက ဘာကိုရွေးချယ်ရမှာလဲ....."

ခြံရံသည် ခွန်သအနားကိုချဥ်းကပ်သွားပြီး မလှမ်းမကမ်း ခုတင်စွန်းမှာထိုင်လိုက်သည်။ ထိုအခါခွန်သက ခရီးဆောင်အိတ်ကိုယူကာ အဝတ်အစားများပစ်ထည့်နေတာကို မြင်ရသည်။ ခွန်သ ထွက်သွားဖို့ကြိုးစားနေတာကိုမြင်ရတော့လည်း ခြံရံဟာနေမရထိုင်မရဖြစ်ရပြန်၏။

Tearing Me Up (BL OC )Where stories live. Discover now