အပိုင်း(4)

12.1K 360 7
                                    

သတ်ိုးသမီး🔥🔥
အပိုင်း(4)

"သား....ဒီနေ့ ဘယ်မှ မသွားဘူးလား.."

ခွင်း ကော်ဖီသောက်နေချိန် မိခင်ဖြစ်သူ
ဝင်လာ၍ အလန့်တကြားမေးလာသော
ကြောင့် ခွင်း မျက်ခုံးတွေပင့်တက်သွား၍...

"ဘာလို့လည်း မေမေ..."

ဒေါ်သက်ထား စိုးရိမ်နေသော မျက်နှာ
ထားအား ပြင်၍...

"ဘာမှ မဟုတ်ပါဘူး သားရယ်..
မေမေ သားကိုပြောစရာ ရှိတယ်..''

"ဟုတ်ပြောလေ..."

"သားတို့ကျောင်းနားက သားအဘိုး
သားကိုအမွေပေးခဲ့တဲ့ အိမ်လေ အဲဒါ
ဒီအတိုင်းကြီး ထားထားရတယ်ကွယ်..
အရင်က သားသွားနေမလို့ပြောတယ်
လေ အဲ့ဒါ အခု သားသွားနေပါလား
ကွယ်..သားအဘိုးက အဲ့ဒီအိမ်ကို
အရမ်းတန်ဖိုးထားတာ သားသာ
သွားနေရင် သူတမလွန်က ပျော်နေမှာ..."

ခွင်း အရင်က သွားနေမလို့ပြင်တုန်းကတော့
မျက်ရည်တွေကျပြီး သွားမနေအောင်
ထမင်းမစား ဆန္ဒပြခဲ့တဲ့ မိခင်က အခုတော့
သူ့အား သွားနေဖို့ ကိုယ်တိုင်ပြောလာ
သောကြောင့် ခွင်း ပင့်တက်နေသော
မျက်ခုံးတွေ တော်တော်နဲ့ပြေမကျ...

မိခင်ဖြစ်သူအား ကြည့်၍..

"ဘာလို့လဲ ရုတ်တရပ်ကြီး..."

သားဖြစ်သူရဲ့ လူအရိပ်အခြေ
ကြည့်တက်မှုကြောင့် ဒေါ်သက်ထား
မနည်းတည်ငြိမ်အောင်နေ၍..

"အဟွန်း ဘာမှ မဟုတ်ပါဘူး
သားရဲ့ သားနေချင်နေတာ
မေမေက ခွင့်ပြုပေးတါလေ..."

အမှန်တော့ ချည်လေးနှင့် တွေ့မှာ
ဆိုးသောကြောင့်ဖြစ်သည်။
တွေ့ရင်လည်း ချည်လေးက အေးအေး
နေတက်သူလေး..သားဖြစ်သူက ဂျစ်ကန်ကန်
ဆိုးဆိုး....မတော်လို့ ချည်လေးကို ချစ်မိ
သွားရင် ဟိုက လက်မခံလဲ အတင်း
ယူတက်မဲ့ သားဖြစ်သူရဲ့ အကျင့်အား
လန့်နေသောကြောင့် အခုလို သွားနေရန်
ပြောချင်းဖြစ်သည်။

ဘေးလူတွေသာ သိရင်် သားအရင်း
ဘက်ကမပါပဲ...တစိမ်းဘက်က
ပါတယ်ပြောကြမည်။

ပြောလည်းမတက်နိုင် သားဖြစ်သူ
ဘယ်လောက်ဆိုးလည်းဆိုတာ
သူမတို့ပဲ သိသည်။သမီးချည်လေးကိုတော့
ဒီငဂျစ်လက်ထဲတော့ မထည့်နိုင်။

သတို့သမီး(uni+Zawgyi) Completed Where stories live. Discover now