အပိုင်း(39)

6.1K 218 5
                                    

အပိုင်း(39)

အခန်းထဲအရောက် မျက်နှာမကောင်း
သော ချည်ကြောင့် ခွင်းမျက်မှောင်ကုတ်
သွား၍...

"ဘာဖြစ်လို့လဲချည်...မျက်နှာလဲမကောင်း
ဘူး....''

ချည်အား နဖူးလေးစမ်းကာမေးလာ
သောမောင့်အားချည် ခေါင်းလေးရမ်းပြ၍....

"မဟုတ်ပါဘူးမောင် ချည်ဘာမှမဖြစ်ပါ
ဘူး မေမေအိမ်ကစားတာများလာပြီး
ရင်ပြည့်သွားလို့ပါ...."

ထိုအခါမှ ခွင်းစိုးရိမ်နေသော မျက်နှာမှာ
ပြေကျသွား၍...

"ချည် စာတွေလဲ အရမ်းမလုပ်နဲ့ကွာ
ကျန်းမာရေးလဲ ဂရုစိုက်နော်...
မောင့်ကို ချည်ကို အရမ်းစိတ်ပူတာ..."

ချည်ပြုံးလိုက်ကာ.

"ချည် နေမကောင်းတော့လဲ မောင်
ပြုစုလေ..."

မျက်ဝန်းလေးတောင့်ကပ်ကာပြောလာ
သော သူမအားကြည့်၍ ခွင်းအသည်း
ယားသွားကာ..

"မောင်က မိန်းမကို နေမကောင်မဖြစ်ရင်
တောင် ခံတွင်းထဲ ငုံထားချင်တဲ့ကောင်
နေသာမကောင်းရင် ခံတွင်းထဲ အပြီး
ထည့်ထားပြီး ပြန်ကို မထုတ်တော့ဘူး
ချည်ကို ဘာဆိုဘာမှ အပွန်းအပဲ့ကို
မခံန်ိုင်တာ သိရဲ့လား..."

ချည် သူ့အပြောကြောင့် ပိုရန်ကော
ဟုသောအကြည့်ဖြင့်ကြည့်၍
မျက်စောင်းလေးထိုးကာ တစ်ခုခုအား
သတိရသွား၍..

"မောင် အရင်က မောင်ရည်းစားဘယ်
နှစ်ယောက်ထားခဲ့လဲဟင်..."

ထိုအခါ ခွင်း သူမအားကြည့်၍
မဖြေသေးဘဲစချင်သောကြောင့်
လက်ချောင်းများအားချိုးရေနေချိန်

ချည်တစ်ယောက် မျက်နှာလေးပျက်နေ၍
သူ့အား မကျေမနပ်လေးကြည့်နေမိသည်။

"အွန်း ကိုယ်တစ်ယောက်ပဲထားဖူးတယ်
ချည်ရဲ့..."

"ဘာ.....ရှင်...ရှင်ပြောတော့မရှိဘူး
ဆို...''

"ကိုမပြောမိပါဘူး... "

ချည် သူ့အပြောကြောင့် ငိုချင်လာကာ
ဒေါသတွေကလဲ ထွက်လာ၍...

"ရှင်က လူရူပ်ပဲ..."

"ဟ...."

"သွား ရှင့်ဟာမအနားကိုပဲ သွားလိုက်တော့...
ဒါ့ကြောင့် ငါ့ကိုကြတော့ နှာဘူးကြနေတာ
အဲ့ဒီမိန်းမအပေါ်ဆို ဘယ်လောက်တောင်...
သွား ရှင် ကျွန်မအနားကသွား..ဟင်....ဟီး...."

သတို့သမီး(uni+Zawgyi) Completed Where stories live. Discover now