အပိုင်း(9)

12.6K 348 5
                                    

အပိုင်း(9)

ဘုန်း...

"အမေရေ..."

"ဘာအမေရေမှမရှိဘူး ခင်ဗျား
ယောကျာ်းပဲ ရှိတယ်...."

ဖြန်း...

အထိန့်တလန့်နှင့် ချည်ရုန်း၍
သူ့ပါးအား ရိုက်မိသလို ဖြစ်သွားသဖြင့်
ချည်သူ့အား အလန့်တကြားလေး
ကြည့်နေမိတော့သည်။

ခွင်း စပ်ဖျင်းဖျင်းဖြစ်သွားသော
ပါးအား အသာကိုင်၍ ပစောင်အား
လျှာနှင့်ထိုးကာ သက်ပြင်းချ၍...

"အဟွန်း...ဘာလည်း တစ်ချက်ရိုက်
တစ်ခါနမ်းဆိုတာကို သဘောကျသွား
လို့လား ဒါဆိုလည်း ခင်ဗျား သဘောပဲ.."

"ဟင့်အင်း..ဟင့်အင်း..ငါ...ငါ
တမင်လုပ်တာမဟုတ်ပါဘူး မတော်တဆ.."

"တော်စမ်းပါ...မတော်တဆပင်မဲ့လဲ
အခုရိုက်ပြီးပြီလေ..အဟက်...မင်္ဂလာ
ဦးမှာ ပါးရိုက်ခံရ​တာ ကျုပ်တစ်ယောက်ထည်း
ရှိမယ်ထင်တယ်...."

"အို...ချည်..ချည်....တမင်..."

"အမေ့..."

ပြင်ဆင်ထားသော အိပ်ယာကြီးပေါ်
ခွင်း သူမကိုယ်လေးအားဖက်၍
အတူလှဲချပြီး သူမကိုယ်လေးအပေါ်
အုပ်မိုလာချိန် သူ့အား မျည်များဝဲနေသော
မျက်ဝန်းတို့ဖြင့် ကြည့်လာသော သူမမျက်ဝန်းများကြောင့်...ခွင်း...
ကျစ်သက်လိုက်ကာ...

"ချည် မင်း အကြည့်တွေ ပြင်လိုက်...
အခုမင်းနဲ့ရှိနေတာ မင်းယောကျာ်း...
ဆိုတာ မမေ့နဲ့..."

ချည် ပလက်ကလေးကနေ မျက်နှာလေး
အားမဲ့လိုက်ချ်ိန် မျည်ရည်တို့က နားထက်အစပ်သို့စီးဆင်းသွားတော့သည်။

"အဟွန်း ဘာလဲ ငါ့မိန်းမဆိုပြီး
အလိုမတူဘဲ ကျွန်မဘဝကို အရယူ
မယ်ပေါ့..."

စောစောက မျက်နှာနှင့်မတူတော့ပဲ
ပြန်၍ တင်းမာလာသော သူမမျက်နှာ
လေးကြောင့် ခွင်ကြည့်၍...

"ငါ့ကို သဘဝတရားအေးတွေ တိုက်မကျွေး
နဲ့ ချည် အခုမင်းပြောတာကို ငါကနာပြီး
မင်းကို ဒီညလွတ်ပေးမယ်ထင်လို့လား...
အဟက်.."

ထိုအခါ ချည်မျက်နှာလေးမှာ ပျက်သွား
ပြီး သူ့အား မကျေမနပ်လေးကြည့်နေမိသည်။

သတို့သမီး(uni+Zawgyi) Completed Where stories live. Discover now