အပိုင်း(18)

8.7K 265 2
                                    

အပိုင်း(18)

"ဟင့်အင်း..ဖယ် အဝတ်လဲမလို့..."

"မရဘူး ချည် မင်းအဖြေပြန်ပေး
မှ ကိုယ်အဝတ်လဲခွင့်ပေးမယ်..."

"အို...."

ပြောလည်းပြော ချည်သဘက်လေးအား
ဆွဲချ၍ ဘေးက မွေ့ယာအပေါ်က စောင်
အပါးကြီးအား ဆွဲကာ နှစ်ယောက်ပေါ်
လွှားခြုံလိုက်ပြီး သူမခါးလေးကနေ ဆွဲ၍
ခန္ဓာကိုယ် နှစ်ခု ပူးကပ်နေလိုက်တော့သည်။

ချည် မထင်မှတ်ထားသော သူ့အပြုအမူ
များကြောင့် မျက်ဝန်းပြူးများပြူးကျယ်နေကာ ရှက်လွန်းသဖြင့် ပါးပြင်မို့မို့လေးမှာ
ရဲတက်လာတော့သည်။

မထင်ထားမှုကြောင့် တော်တော်နှင့် ဘာမှ
ပြန်မပြောနိုငိဘဲ သူ့အား ကြည့်ကာ...

"ရှင်....ရှင်...ဘာလုပ်တာလဲ..ခွင်း..."

"မင်း ကလေးမွေးပေးမယ်လို့ မပြောမချင်း
ဒီစောင်ခြုံထံက မထွက်ရဘူး..."

ဘေးဘက်တွင်ပုံကျနေသော သူမ
သဘက်လေးအား ချည်တစ်ချက်
ကြည့်ပြီး သူမကိုယ်လေးပေါ်မှာ
ဘာမှ အကာအကွယ်မရှိမှုကို
သူမအား ပို၍အရှက်သည်းစေခဲ့သည်။

ချည် နှုတ်ခမ်းလေးအားဖိိကိုက်
ပစ်၍...စောင်လေးထဲ ပခုံးလေး
ကျုံ့ဝင်ကာ...

"ရှင်...ရှင်....အရမ်းယုတ်မာတယ်..."

ခွင်း ရဲနေ၍ သူ့အား မကျေမနပ်ကြည့်နေသော မျက်နှာလေးအား ကြည့်၍...

"မင်း အခုလိုဖြစ်အောင် အချိန်ဆွဲနေတာ
ချည် ဒီထက်ပိုဆိုးလာလို့ ကိုယ်စိတ်မထိန်း
နိုင်ရင် အိပ်ယာပေါ်ရောက်သွားလိမ့်မယ်
နော်...နောက်ဆက်တွဲ မင်းပိုသိမှာပါ..."

သူ့အပြောကြောင့် ချည်သူ့အား
နှုတ်ခမ်းလေးဖိကိုက်၍ နားကျဥ်းစွာ
ကြည့်ပြီး မျက်ဝန်းများက အလျော့ပေး
သလို မှိတ်ချလိုက်ချိန် မျက်ရည်တို့က
ပါးပြင်အထက် စီးကျလာတော့သည်။

"ကောင်းပြီး ကျွန်မ သဘောတူ
တယ် ဒါပင်မဲ့ ကျွန်မ ကျောင်းပြီးတာနဲ့
ဟိုမှာ ကျောင်းသွားဆက်တက်မယ်..."

"ကောင်းပြီ ငါသဘောတူတယ်..."

သူ ပြောလည်းပြော ခြုံထားသော
စောင်ဖြူကြီးအား ဘေးကို ပြန်ပစ်
ထုတ်လိုက်၍ သူမ ဘဘက်လေးအား
ပြန်ကောက်ပြီး သူမကိုယ်လေးအပေါ်
ပြန်ပတ်ပေးကါ နှုတ်ခမ်းတို့က ပြုံးနေတော့သည်။

သတို့သမီး(uni+Zawgyi) Completed Where stories live. Discover now