အပိုင်း(6)
"ရော့....."
"ဟင်..."
ခေါင်းကို ကိုင်လိုက်သည်နှင့်အတူ
ချည်အရှေ့ကိုကျလာသော ခရေပန်း
နှင့် စံပယ်ပန်းများ ရနံ့များက သင်းပျံ့နေကြ
ကာ စိတ်ကျေနပ်ဖွယ်အပြည့်ပင်။စိတ်ထဲ ဘဝင်မကျတာက ချည်ပင်။
ခေါင်းမှ အခွေလေးနှင့်ခရေးပန်ကုံးလေး
အား ဖြုတ်၍ ပစ်ထုတ်လိုက်ကာ..ကျောင်းကပြန်လာပြီး မမှီလိုက်သော
စာတွေအား ဆရာမ ပြန်ရှင်းပြလိုက်
သောကြောင့် ချည်ခြံထဲဆင်းပြီး
ပြန်ကြည့်နေခဲ့တာ ဖြစ်သည်။"နောက်တစ်ခါ ငါ့အသားကို မထိပါနဲ့..."
ချည်မျက်နှာလေးတင်းမာစွာပြောပြီး
စာအုပ်တွေ ခုံလေးပေါ်မှ ကောက်ယူ၍
ထွက်သွားရန် ပြင်လိုက်စဥ်..."ရပ်လိုက်စမ်း... "
ချည် ခြေလှမ်းလေး သူ့အသံကြောင့်
အနည်းငယ်ရပ်သွားသော်လည်း ဂရုမ
စိုက်သလို ခြေလှမ်းထပ်လှမ်းလိုက်စဥ်..."လာခဲ့စမ်း မင်း..."
"အို..လွတ်စမ်း..ရှင်နော်..."
ချည်လက်ကလေးအား သူ့ရဲ့ ကြမ်းတမ်း
စွာ ဆွဲသွားမှုကြောင့် လက်ထဲက စာအုပ်တွေ
ပင်ပြုတ်ကျကုန်တော့သည်။"ရှင့်ကို လွတ်လို့ပြောနေတယ်နော်..."
ခွင်း သူမလက်ကလေးအား အကြမ်း
ပတမ်းက်ိုင်၍ ခြံထောင့်အား ဆွဲသွားကာ
လက်အား လွတ်ချပေး၍.."ပြောစမ်း ငါကစေတနာနဲ့ပေးတါ
မင်း ဘာပုံစံ လုပ်လိုက်တာလဲ.. ""မလိုချင်ဘူး ရှင့်ဆီက စေတနာတွေ
ကျွန်မ မလိုချင်ဘူး..."သူ့အား မျက်နှာလေးတင်းမာကာ
ပြန်ပြောလာသော သူမကြောင့်
ခွင်း ခပ်မဲ့မဲ့ ကြည့်၍..."အဟွန်း ဘယ်လို လုပ်မလဲ
ငါကလည်း မယူချင်တဲ့သူဆို
အရမ်းပေးချင်တာ...."ပြောပြီး သူ့ဘောင်းဘီ အိတ်ထဲက
ထပ်၍ ထုတ်လာသော ခရေပန်းကုံး
လေး...ချည် သူ့အား မကျေမနပ်နှုတ်ခမ်းလေး
ဖိက်ိုက်ကာ ကြည့်၍..."မယူဘူးလို့ ပြောနေတယ်နော်..."
YOU ARE READING
သတို့သမီး(uni+Zawgyi) Completed
Romanceမင်းကို ပိုင်ဆိုင်ရဖို့ ကိုယ်လူယုတ်မာဆန်ပါရစေချည်.... ခွင်းမာန်ဟုန်း