အပိုင်(38)

7.3K 248 24
                                    

အပိုင်း(38)

မနက်မိုးလင်းတာနဲ့ ချည် ကိုယ်လက်
သန့်စင်ပြီး သနပ်ခါးလိမ်းကာ မောင့်အား
စောင် သေချာခြုံးပေးပြီး ဘုရားဆွမ်းတော်
ကပ်ရန် ခပ်စောစော ထ၍ အောက်ထပ်သို့
ဆင်းလာလိုက်သည်။

အရင်ဆုံး ထမင်းအိုးတည်လိုက်ပြီး
မောင်နိုးလာရင်သောက်ဖို့
​ကော်ဖီ နှိပ်ဖို့ပြင်ဆင်နေချိန်...

"ချည် ဘာတွေလုပ်နေတာလဲဟင်...."

ချည်လိုပဲ ဆံပင်လေးအားခပ်လျော့လျော့စီးပြီး မြန်မာဝမ်းဆက်လေးဖြင့် ပါးပြင်မှ
သနပ်ခါးလေးလိမ်းကာ လှပနေသော
ကညာအား ချည် ပြုံးကာကြည့်နေမိချိန်..

"ဘာလို့လဲ ချည် ကညာက
တဖြည်းဖြည်း ချည်နဲ့တူလာလို့
ကြည့်နေတာလား..."

ကညာစကားကြောင့် ချည်ပြုံးလိုက်၍..

"အဟွန်း... ဟုတ်တယ် ကညာကစရောက်
ကလိုမဟုတ်တော့ဘူး သွက်သွက်
လက်လက်လေးဖြစ်လာပြီး ပိုလှလာလို့လေ.. "

ချည်စကားကြောင့် ကညာ ဆံနွယ်အရှည်ကြီး
အားသပ်တင်ကာ...

"ကျေးဇူးပါပဲချည်...ကညာ
လုပ်ပေးမယ်လေ..."

"ရတယ် ကညာရဲ့ ချည်လုပ်ပြီး
နေပါပြီ... "

"ဒါနဲ့ ကိုခွင်းနဲ့ချည် ဘာစားကြမလဲဟင်....
ကညာချက်ပေးမလို့...."

"ဟင်းအင်း ချည်က ဒီနေ့ ကျောင်းသွား
မှာကညာရဲ့ မောင်ကလဲကျောင်းသွားရမယ်
ဒါနဲ့ ကညာရော မသွားဘူးလား..."

ကညာခေါင်းလေးခါပြ၍...

"ဟင့်အင်း ကညာဒီနေ့ ဖေဖေအတွက်
လုပ်ပေးဖို့ ကိစ္စလေးတွေရှိလို့ မနက်မှ
သွားမယ်...."

"အော် ဒါနဲ့ ကညာလိုအပ်တာရှိရင်
ပြောနော် ချည်တို့ တက်နိုင်သလောက်
လုပ်ပေးမယ်နော်... "

"ကျေးဇူးပါချည်..."

"ရပါတယ် ကညာရဲ့ ထိုင်လေ
ခဏနေ မောင်လဲ ဆင်းလာတော့မှာ
Breakfast စားကြရအောင်
အခုတော့ ချည် ဘုရားဆွမ်းတော်
သွားကပ်အုံးမယ်နော်... "

"ကောင်းပါပြီချည်....''

ချည်ဘုရားဆွမ်းတော်ကပ်ရန်သေချာ
စွာပြင်ဆင်ပြီး အပေါ်ထပ်သို့တက်
သွားတော့သည်။

သတို့သမီး(uni+Zawgyi) Completed Where stories live. Discover now