အပိုင်း(36)

6.8K 216 7
                                    

အပိုင်း(36)

ပြောပြီး ချည်လက်ကလေးအား
ဆွဲကာ အနောက်သို့ ပို့လိုက်သော
ခွင်း။

မျက်နှာပေါ်တွင်လည်း တင်းမာကာ
ရှိနေစဥ် ကညာ ခေါင်းလေးမော့ကာ
ကြည့်၍..

"ဟို ကညာ ကညာတောင်းပန်ပါ
တယ်ရှင် ကညာ အရမ်းအားငယ်မိ
လို့ ခေါ်မိတာပါ ကိုခွင်းမကြိုက်ရင်
နောက်မခေါ်တော့ပါဘူးနော်.."

"ဟုတ်တယ် မကြိုက်ဘူး ပြီးတော့
မင်း အလိုက်သိဖို့တော့ ကောင်းတယ်
လင်မယား နှစ်ယောက်ထဲ ရှိတဲ့အပေါ်
ထပ်ကို မင်းအခုလို အလွယ်တကူတက်မလာ
သင့်ဘူးထင်တယ်..."

"မောင်..."

ချည် ကညာအား အားနာသဖြင့်
မောင့်လက်ကို ဆွဲ သတိပေးသလို
ခေါ်လိုက်စဥ်...

"ချည် မင်းအသာနေ မောင်ပြောနေတယ်...."

ချည့်ကိုပါ လှည့်အော်လိုက်သော
မောင့်​ကြောင့် ချည်မျက်ရည်လေး
များဝဲသွားမိသည်။

ကညာကတော့ မျက်နှာလေးငယ်ကာ
ခေါင်းလေးငုံ့ထား၍..

"ဟို ကညာ ဖေဖေကို....သတိရလို့ပါ..."

"မင်း သတိရရင် မင်းအဖေရက်လည်
ကို မင်းသွားဖို့တော့ ကောင်းပါတယ်..."

"ဟို ကညာသွားမှာပါ အခုက ကညာ
ဖေဖေနဲ့အတူနေခဲ့တဲ့နေရာတွေရောက်
ရင် ဖေဖေကို သတိရတဲ့စိတ် ထိန်းမရလို့
ပါ....ကိုခွင်း ကညာကို ခွင့်ပြု ပါအုံးနော်..."

​ပြောပြီး ကညာပြေးထွက်သွားတော့
မှ ခွင်း အလိုမကျစွာမျက်မှောက်ကြီး
ကုတ်ထား၍....

"တောက်..."

တောက်ခပ်၍ ခဏအကြာ သူ့လက်အား
ဆဲဲဖြုတ်လိုက်သော အနောက်က ချည့်
ကြောင့် ခွင်းလှည့်ကြည့်၍...

"ချည် မင်းလည်းအားနာတက်တာ
ပြင် လူတွေက အားနာတိုင်းကောင်း
တာမဟုတ်ဘူး...."

"ရှင့်အကြောင်း မပါဘူး.. "

"ဘာ...."

သူ့အား မျက်ရည်တွေဝဲ၍ မျက်နှာလေး
တင်းကာပြောလာသော သူမကြောင့်
ခွင်း ပြေကျနေသော မျက်ခုံးကြီးတွေ
ပြန်ပင့်တက်သွား၍ သူမပခုံးလေး
အားဖက်မယ်ပြင်စဥ် ရှောင်လိုက်သော
သူမကြောင့် ခွင်း မျက်နှာအားတည်လိုက်၍..

သတို့သမီး(uni+Zawgyi) Completed Where stories live. Discover now