အပိုင်း(၁)

6.4K 270 9
                                    

Uni

________________

မှိုင်းပြနေတဲ့ ရာသီဥတု နဲ့မလိုက်စွာ
အမျိုးသမီး၏ မျက်နှာနုနုမှာ ချွေးစက်တွေနားခိုနေပေမယ့် ကြည့်ရဆိုးမနေဘဲ
ထို မျက်နှာလှလှလေးသည်ရှုပျော်သော ရုပ်ကလေးမို့ ကျောင်းသားများဟာ လှည့်ကြည့်လှည့်ကြည့်

" ဒေါ်ဒေါ်လေး ရှင့် "

"အော်ဘယ်သူလဲ အသစ်လား "

"ဟုတ်ကဲ့ ကြိုပြီး အခန်းယူပြီးသားပါ "

"အော် ‌ရတနာဆိုတဲ့ တစ်ယောက်ထင်တယ် "

အဆောင်မှုးဖြစ်ပုံရတဲ့အဒေါ် စကားကြောင့်
အမျိုးသမီးဟာ ခေါင်းများ တစက်စက် ငြိမ့်ပြလာသည်။ စာဖတ်နေတဲ့ အဒေါ်ဟာ အသာထကာ သူ(မ)၏ ပါတိတ် လုံချည်ကို ဖုန်တစ်ချက်ခါလိုက်ပြီး

"လာ အဒေါ်နောက်လိုက်ခဲ့ကွယ် "

"ဟုတ်ကဲ့ "

သန့်သန့် ရှင်းရှင်းနဲ့ အဆောင်ဟာ ကျွန်းသားများဖြင့် အသေအချာကိုဆောက်လုပ်ထားခြင်းပင်
လက်ထဲက လေးလွန်းတဲ့ အဝတ်ထုတ်ဟာ လေးသည်တစ်မျိုး အခန်းမှာ မည်သည်နေမှန်း မသိတာကြောင့် အမျိုးသမီး၏ မျက်နှာနုနုထက် က ချွေးများဟာ ခိုတွဲကာနေပြီဖြစ်သည်။

" ဒီအခန်းဘဲ လိုတာရှိရင် အဒေါ့်ကိုပြောလိုက်
ဒါက အခန်းသော့ "

"ဟုတ်ကဲ့ကျေးဇူးတင်ပါတယ် "

ထွက်သွားတဲ့ အဒေါ်ကို ခါးကိုင်းကာ နှုတ်ဆက်ပြီးနောက် အခန်းတံခါးဦးစွာဖွင့်လိုက်တော့သည်။
ရန်ကုန်မှာ တစ်ယောက်တည်းလာနေရတာ သိပ်တော့ မလွယ်ပါချေ။ လူကသာ အဆောင်မှာ စိတ်က မန္တလေးမှာ ကျန်ခဲ့တဲ့မေမေ့ဆီမှာသာ

"  သုံးယောက်တစ်ခန်းဘဲ "

အခန်းလေးက လူသုံးယောက်နေရန် အလုံအလောက်ကျယ်ပြီး သပ်သပ်ရပ်ရပ်ပင်
ကုတင်ခြေရင်းတိုင်းမှာ စာကြည့်စားပွဲအသေးလေး တစ်လုံးစီရှိသည်ကြောင့်
အမျိုးသမီးက သဘောတကျပြုံးလိုက်သည်။ထို့အပြင်သုံးယောက်နေရတာကြောင့်
ကြောက်တတ်တဲ့သူ့အတွက် ပိုအဆင်ပြေသွားသေး အရာရာ သဲလွန်းတဲ့မေမေက တစ်ယောက်တစ်ခန်းရအောင် စီစဉ်ပေးမယ်ပြောပေမယ့် အတင်းငြင်းခဲ့သည်မှာ ကိုယ့်အကြောင်းနဲ့ကိုယ်

'စိန်ပန်းပွင့်' ‌တွေ 'နီဆွေးဆွေး' [Complete]Where stories live. Discover now