အပိုင်း(၂)

2.2K 176 6
                                    

Uni

___________

" ဟိတ် !"

" ဗုဒ္ဓေါ ! လန့်လိုက်တာအဝေရာ "

အဆောင် ရှေ့က စိန်ပန်းပင်ကြီးဆီကို မျှော်ကြည့်နေ‌တုန်း နောက်က အဝေ့၏ ခြောက်လန့်မှုကြောင့် ထွေး၏ ကျောပြင်လေးမှာ တွန့်ခနဲ ဖြစ်သွားသည်။
မျက်စောင်းလေးနဲ့ မိတ်ဆက်ပေးလိုက်တော့
အဝေဟာ သွားဖြူဖြူတွေပေါ်အောင်ရယ်ပြလာလေရဲ့ နဘေးနားက ယွန်းကတော့ ချည်လွယ်အိတ်လေးလွယ်ရင်းသူတို့ နှစ်ယောက်ကို ပြုံးကြည့်နေလေရဲ့

" သွားကြရအောင် ကောင်‌မလေးတွေ "

" ဟုတ်ကဲ့ပါ မယ်...."

"ဟီးဟီး "

ယွန်းရဲ့ အပြောကို အပြောင်အပျက်ပြောတော့မည့် အဝေမှာ လက်သီးထောင်ပြလိုက်တာနဲ့မယ်တော်ကြီးဟုသော စကားပင် မဆုံးနိုင် ပါးစပ်ပိတ်သွားရှာ
ထို့နောက်မှာတော့ ထွေး၏ ရယ်သံသေးသေးများ ထွက်လာတော့သည်။

" ထွေးငယ်က ကချင်လွယ်အိတ်လေးနဲ့ဆိုတော့ ကချင်မှာ ကောင်လေးရှိလို့များလား "

"အို အဝေကတော့ ပေါက်တတ်ကရတွေ "

ထွေးမှာ နှုတ်ခမ်းလေး ‌ဆူရင်း ဆိုသလို ယွန်းမှာလည်း ရယ်လိုက်ချင်တာ ထိန်းနေရသည်။
တယ်လည်း ပေါက်တတ်ကရတွေ ပြောတတ်သော ချစ်စရာ အဝေပါလေ
ကျောင်းထဲ ရောက်တာနဲ့ သူတို့ သုံးယောက်ကွဲသွားကြတော့သည်။
ထွေးသည် မြန်မာစာ ဌာနက ဖြစ်ပြီး
အဝေဟာ E မေဂျာ
ယွန်းက သချာ် အထူးပြု

အစကတော့ အဆင်ပြေနေပေမယ့် သုံးရက်လောက်ကြာလာတော့ အဝေ စိတ်ညစ်လေပြီ
ဖြစ်နိုင်ရင် တစ်နေ့လုံးကို ဒီ အမျိုးသမီးနှစ်ယောက်နဲ့ဘဲ တတွဲတွဲနေချင်တာ

" ခုတောင်မေဂျာ ပြောင်းပစ်လိုက်ချင်သေး"

"ဘာလို့ "

အဝေသည် မျက်နှာလေး ရှုံ့မဲ့ကာပြောနေသည်မို့ ထွေးက စာအုပ်ဖတ်နေရာကနေ မျက်လုံးလှန်ကြည့်လာသည်။
အဝေသည် ဒုံးဝေးလွန်းတဲ့ယွန်းအား မျက်စောင်းပစ်ထိုးပလိုက်ရင်း

"တစ်ယောက်တည်း မသင်ချင်လို့ပေါ့ဟဲ့ !"

"ဟမ်! နင့်ကို ဆရာတွေက သီးသန့်ခေါ်သင်တာလား "

'စိန်ပန်းပွင့်' ‌တွေ 'နီဆွေးဆွေး' [Complete]Tahanan ng mga kuwento. Tumuklas ngayon