အပိုင်း(၇)

1.3K 137 2
                                    

Uni

_____________

" ထွေး နင် "

"တားဖို့လား ဒါဆိုရင်လည်း မပြောပါနဲ့တော့ ထွေးကတော့ ဆက်ဆိုးနေအုံးမှာဘဲ "

"ကျစ်!ခက်လိုက်တာ ထွေးရာ "

"ဒါပေါ့ ဒါပေါ့ "

ဓားခုတ်ကေလိုမျိုး တိုနှံ့နှံ့ ဆံပင်လေး ဖြစ်သွားတဲ့ ထွေးဟာ သူ(မ)နားကြားက နှင်းဆီပန်း နီစွေးစွေးကို ကိုင်ရင်း မထီသလို ပြောနေသည်မှာ
မထိတထိ နိုင်လွန်းလှပါသည်။
ယွန်း၏ အပျော်ဆုံးနေ့ရက်မှာ စိန်ပန်းပင်ကြီးအောက်မှာ အဝေဆီက ချစ်စကား ကြားခဲ့ရသော နေ့ဖြစ်ပြီး ဝမ်းအနည်းဆုံးနေ့ကတော့ ‌မတူညီသော ယောင်္ကျားပျိုတို့နားတွင် ထွေးကို မြင်နေ‌ရသော အခါ ဖြစ်ပါလိမ့်မည်။

" ထွေး နင်ဘယ်တုန်းက သိသွားခဲ့တာလဲ "

"အို အယွန်းရယ် ဒီ ကျောင်းဝိုင်း ကျဉ်းကျဉ်းလေးထဲမှာ သတင်းအချို့ကို ဖုံးကွယ်နိုင်လိမ့်မယ်လို့များ ထင်နေရော့သလား "

"...."

ယွန်းဆီက တိတ်ဆိတ်မှုတွေ အဖြေပြန်ရလိုက်တဲ့အခါ ထွေးဟာ သူ(မ)လက်ကြားထဲက စီးကရပ်တိုတိုကို မီးသတ် ရင်း ခပ်ကျယ်ကျယ် လှောင်ထေ့လာတော့သည်။
မရေရာတဲ့ သတင်းသံခပ်ယဲ့ယဲ့ကိုမယုံကြည်သေးသော ထွေးသည် အဝေ၏ အဝတ်ခေါက်များကြားက ချစ်ကြောင်းဖွင့်ဟထားသောယွန်း၏ လက်ရေးလှလှများကို တွေ့ခဲ့ပါသည်။

ဘာကို ဝမ်းနည်း ဘာကို ဒေါသ ထွက်မှန်း မသိသော်ညား အဝေ နမ်းရှိုက်ခဲ့သည်အားလည်း သိသော်ငြား မထခဲ့သလို ဆွဲထားဖို့ရာလက်တွေဟာ မာနတွေကြောင့်ခဲဆွဲထားသလို လေးပင်နေခဲ့သည်။

" အဲ့တာတွေ ဘယ်ကရတာလဲ
မသောက်ရဘူး "

"နင်က စိတ်သဘောထားသေးသိမ်လိုက်တာ အယွန်းရာ "

"မေးတာသာ ဖြေစမ်းပါဘယ်ကရတာလဲ"

"အာကာ မှာပေးတာ ရပြီလား "

ဝိုင်ပုလင်း ကို ဆုပ်ကိုင်ထားသော ယွန်းရတနာခိုင်၏ လက်များဟာ တုန်ရီလာသည်။
စီးကရပ်အသစ်တစ်လိပ်ကို မီးညှိနေသော ထွေးသည်စိတ်မရှည်ဟန် ဖြေလာသော စကားကြောင့်ပင်
ဒီ အမျိုးသမီးအား မည်သို့ထိန်းရမလည်း ‌ယွန်းမတွေးတောတတ်ပါ
အဝေအား လှမ်းပြောရအောင်လည်း မြေခြားက ချစ်ရသူကို လှမ်းပြီး စိတ်ပူအောင်အပူမပေးချင်
ယွန်းသိတာ တစ်ခုက ထိုင်ငို ချင်လိုက်တာပင် ဖြစ်သည်။

'စိန်ပန်းပွင့်' ‌တွေ 'နီဆွေးဆွေး' [Complete]Where stories live. Discover now