အပိုင်း (၁၃)

1.2K 102 2
                                    

Uni

____________

" ထွေး ဘယ်တော့မှ အိမ်ပြန်လာမှာ မဟုတ်ဘူး မေမေ "

ဒီစကားကို အပြုံးမပျက်ဆိုနေသော ထွေး၏ လက်တို့ကို အမျိုးသမီးနှစ်ယောက်ဟာ တယုတယလေး ဆုပ်ကိုင်ထားကြရှာ
မေမေဟာ ထွေးကိုပြောလို့မရ၍ စိတ်ကုန်သွားပုံမပေါက်ဘဲ မေမေဟာ စိတ်မကောင်းဖြစ်နေပုံလေးပါ

" ‌မေမေတော့ သမီးအလိုလိုက်မိတာ မှားပြီလား"

" တောင်းပန်ပါတယ် သမီးမိုက်ကို မေမေတို့စွန့်လွှတ်လိုက်ကြပါ"

တစ်ကယ်တော့ မေမေတို့စွန့်လွှတ်ပြီးပါပြီလို့ ထွေးပြောလိုက်ချင်သော်လည်း မထွက်ရက်ခဲ့ပါ။မိသားစု ဘောင်အပြင်က ထွေးဟာ မေမေ ကြောင့် အရာရာ မြိုသိပ်ခဲ့ရပေမယ့် အခုတော့ မတူတော့ပါ သူ့ထံတွင် မြတ်နိုးရတဲ့ အမျိုးသမီးနှစ်ယောက် ရှိနေလေပြီ ဖြစ်သည်။

" မေမေသမီးပြန်လာမှာကို အမြဲစောင့်နေမှာ"

မေမေဟာ မမလိုတော့ မဟုတ်ပေ
မေမေသည် ထွေးဘာတွေလုပ်နေနေ အမြဲ မညီးမညူ အနားရှိနေပေးမည့် အမျိုးသမီးပင်
သိူ့သော် ထွေးဟာတော့ မေမေအပေါ် မျက်ကွက်ပြုရက်ခဲ့ပါသည်။
ထွေးသည် အမှန်တကယ်ကို ဆိုးသွှမ်းသော သမီးတစ်ယောက်သာ ဖြစ်တော့သည်။

ထွေး တို့ သုံးယောက် ဒီနေ့ ယွန်းမေမေဆီလည်းသွားကြပါသေးသည်။
ထွေး မှတ်မိပါသည် ယွန်းမေမေသည် ထွေးအား သမီးလေး အတူလာနေမလားလို့ပင် နွေးနွေးထွေးထွေး အဖော်ပြုခဲ့ပေးသည့် အမျိုးသမီးတစ်ယောက်ပင်
အမျိုးသမီး သုံးယေယက်လက်ထပ်ယူထားသည့် ကိစ္စမို့  ယွန်း တို့ အိမ်မှာလည်းစကားအချို့ အခြေအ‌တင်ဖြစ်ခဲ့ရပါသေးသည်။

သို့သော် သမီးချစ်တဲ့ မေမေဟာ ယွန်းအား မစွန့် လွှတ်နိုင်ခဲ့ပေ
အရာအားလုံး အဆင်ပြေမယ် ထင်တော့မှ သုံးယောက်သား မောမော ပန်းပန်းအိမ်ပြန်လာကြလိုက်တော့သည်။

" အဝေ "

"ပြောလေ ထွေးငယ် "

ဧည့်ခန်းက အလှထားထားတဲ့ ပန်းအတုတွေ ကိုင်နေသော ထွေးဆီမှ ခေါ်သံလေးကြောင့်
အဝေတစ်ယောက် အလုပ်တွေလုပ်ရင်း ခေါင်းထောင်လာသည်။
ယွန်းကတော့ တိတ်တိတ်ကလေး ထိုင်ရင်း နားစွင့်နေလေရဲ့
ချစ်စရာလေးပင်

'စိန်ပန်းပွင့်' ‌တွေ 'နီဆွေးဆွေး' [Complete]Where stories live. Discover now