အပိုင်း(၁၀)

1.5K 122 4
                                    

Uni

________________

' ခွမ်း !!!'

ကြမ်းပြင်ထက် တစစီ ဖြစ်သွားတဲ့ ပန်းကန်လုံး မုန့်ဟင်းခါး မွှေးမွှေးများဟာလည်း ထို ကြမ်းပြင်ထက် ပျံ့ကျဲကုန်သည်။
ဆိုးလာတယ် ထွေးဟာ သိပ်ကို သိပ်ကို မှဘဲ
ဆိုးသွမ်းလာတော့သည်။
အဝေသည် သူ၏ မျက်နှာပေါ် လက်နှစ်ဖက်ကို အုပ်ကာ သက်ပြင်း အချို့ချလာသည်။

" အဝေကအဝေလုပ်ချင်ရာတွေ အတင်းကို လုပ်နေတော့တာဘဲ !!!"

" မနက်စာလေးတောင် ကောင်းကောင်း မစားချင်ပါ့လား ထွေးငယ် "

" ဖြည်းဖြည်းချင်းညှိယူရင်ရရက်နဲ့ဟာ ခုတော့ *sob* "

"မငိုပါနဲ့ ထွေးငယ်ရယ် အဝေ့ကြောင့် ထွေးငယ် မငိုပါနဲ့ "

အဝေသည် ထို အမျိုးသမီး ငိုလာတော့လည်းကြာကြာလျစ်လျူ မရှုနိုင်အပြေးကလေး ကုတင်ပေါ် တက်ကာ ချော့မြူလာပေမယ့်
အဆိုးကလေးထွေးဟာ သူ(မ)ရင်ခွင်ထဲမှာ မစဲနိုင်တဲ့ မိုးတွေလို မျိုး ငိုနေရှာ တုန်းပင်
အဝေဟာ ထွေး၏ မိသားစုကို ဒီအကြောင်းတွေ ပြောလိုက်တာ နားမဝင်ချင်ပုံဖြစ်သွားတဲ့ သိပ်အစွဲကြီးကာ အတ္တကြီးသော ထွေး၏ ဖခင်ဟာ ထွေး မျက်နှာကို ဒီတစ်သက် မမြင်ချင်ပါဘူးဟုဆိူလာလေတော့လည်း
ရင်ခွင်ထဲက အမျိုးသမီးမှာ ရှိုက်ကြီးတငင်

" လိမ္မာတဲ့ ကလေးက မုန့်စားရတယ်တဲ့ထွေးငယ် "

"မလိုချင်ဘူး !"

နှာသံလေးနဲ့ ရန်လုပ်ပြောလာတဲ့ ထွေးဟာ ကုတင်ခြေရင်းမှာ လွတ်လွတ်လပ်လပ် ထိုင်နေတဲ့ယွန်းအား မစီမဆိုင် မျက်စောင်း ထိုးလိုက်သေး
ယွန်းနဲ့ အဝေမှာ ထိုနေ့ညက ပင်ပြန်ပြေလည်သွားပြီဖြစ်သောကြောင့်ယွန်း၏ ခြေထောက်တို့တွင်ကြိုးတွေ ရှိမနေတော့ပါ
ခုထိအခန်းက ထွက်ခွင့်မရှိနေတာကတော့ အဆိုးကလေး ထွေးသာပင်
ထွေးက သိပ်ခေါင်းမာသလို သူ့အတွေးတွေဟာ ရှုပ်ထွေးလွန်းလို့ ယွန်းနှင့်အဝေပင် လိုက်မမှီခဲ့ပါ

" ထွေးရာ ခင်ဗျားလေး ငိုနေတော့ စိတ်မကောင်းဘူးလေ "

" ထွေးလိုချင်တာ ဒီလို အခြေအနေ မျိုးမှ *sob* မဟုတ်ခဲ့တဲ့ဟာ"

'စိန်ပန်းပွင့်' ‌တွေ 'နီဆွေးဆွေး' [Complete]Onde as histórias ganham vida. Descobre agora