အပိုင်း (၄)

1.4K 143 0
                                    

Uni

______________________

" ဟဲ့ မိထွေးနဲ့ မိဆောင်း !!!!"

"ဟဲဟဲ အယွန်းလာလေ "

"ဒီမှာနင်ဖို့ငါတို့လက်ဖက်သုပ်သုပ်ထားတာ "

အခန်းထဲ ဒေါနဲ့ မောနဲ့ ဝင်လာတဲ့ယွန်းရတနာခိုင် ခင်ဗျာ မျက်နှာဖြီးနဲ့ လာချော့နေသော နှစ်ယောက်ကြောင့် ပြုံးချင်နေပြီဖြစ်သည်။
ထွေးနဲ့ အဝေမှာ တစ်ယောက်နဲ့ တစ်ယောက် မျက်စ ပစ်ကာ အခြေအနေကောင်းကြောင်း
အရိပ်အခြေ ကြည့်နေကြသည်။
ထို့နောက် ထွေးဟာ စားပွဲပေါ်က လက်ဖက်သုပ် ပန်းကန်ကို အပြေးကလေး ယူရင်း

"ဘာဘဲဖြစ်ဖြစ် ငါစိတ်မပြေသေးဘူးနော်"

" ယွန်း နင်စိတ်ကောက်မလို့လား ငါတို့က လေချစ်လို့စတာပါ "

" အေးလေ အယွန်းရယ် နင်စိတ်ကောက်ပြီးမစားဘူးဆို ကြည့်ပါအုံး ငါတို့က စေသနာတွေအပြည့် နဲ့သုတ်ထားတာနော် "

ပုဇွန်ခြောက်နှမ်းချင်းနဲ့ ဆီတဝင်းဝင်း လက်ဖက်ကလေးကြောင့် ယွန်း သရေကျလေပြီဖြစ်သည်။ထွေးလက်ထဲက ပန်းကန်ကို ဇက်ကနဲယူလိုက်ရင်း

" ကောင်းပြီ ဟွန့် ငါဘဲစားမှာနော်လာမနှိုက်ကြနဲ့ "

"အေး အေးပါ "

ခေါင်းကုတ်ကာ မျက်နှာလေး မဲ့ရွဲ့သွားသော နှစ်ယောက်ကိုကြည့်ကာယွန်းခိုးရယ်လိုက်တယ် မှတ်ပလား !
နောက်တွင်တော့ မီးဝါကျင့်ကျင့်လေးသာ ရှိတဲ့ အခန်းငယ်ထဲ ချောက်ဆိုတဲ့ အသံနဲ့အတူ
ပွင့်ဟလာတဲ့ ရေဒီယိုက ထွေးရဲ့လက်ချက်ပင်
မေဆွိ၏ ဂျက်စင်ထိပ်က လရိပ်ပြာသီချင်းကို ဝတ္ထုဖတ်ရင်း တိုးတိုးကလေး လိုက်ညီးနေသည့် ထွေးကို ‌ယွန်းနဲ့အဝေ ငေးကြည့်နေမိတော့သည်။ဒါကိုစာဖတ်နေသော အမျိုးသမီးတော့မသိပါချေ

"နေဝင်ပြီဆို ကိုယ်လေငိုချင်တယ်
ရင်မှာ နာကျင်စွာ ဆွေးတယ်
အဆောင်မှာ မှောင်ရိပ် ဝိုးတဝါးနဲ့
နံရံတွေပေါ်မှာ ပုံရိပ်ကလေးရယ်

နှလုံးသားက အစွဲအလွမ်းများလည်း မီးလိုလောင်ကျွမ်းဆဲ လွမ်းမိတယ်...
ဂီတာသံတွေရယ် သူသီဆိုနေမယ်
ရင်ကို ခုန်စေတဲ့ သီချင်းရယ်
အမှောင်မှာသာယာ နားစွင့်ခဲ့ ကိုယ်ကခင်တွယ်နေသူပါဘဲကွယ်~~"

'စိန်ပန်းပွင့်' ‌တွေ 'နီဆွေးဆွေး' [Complete]Where stories live. Discover now