အပိုင်း(၆)

1.2K 126 7
                                    

Uni

______________

" ထွေးနင် သူတို့ကိုဘယ်လို မြင်လဲ "

ယွန်း လက်ညိုးထိုးပြရာတွင်ရှိနေတာကတော့
ယောင်္ကျားပျို တစ်ဦးပင်
သို့သော် ထို ယောင်္ကျားပျိုဟာ မျက်နှာချေများ ခပ်ပါးပါးလေး လိမ်းခြယ်ထားသလို
ခပ်တိုတို ဆံသားတွေနဲ့နားကြားတွင် စံပယ်ပန်းသေးသေးလေး နေရာယူနေသလို ထို ယောင်္ကျားပျိုဘေးတွင် အခြား ယောင်္ကျားပျိုတစ်ယောက်ရှိနေလေသည်။

" အင်း လှပတဲ့ ပန်းချီကားလေးလေ "

" တစ်ကယ်ဘဲ စိတ်မခုတာလား "

"အင်းလေ ဘာဖြစ်လို့လဲ "

ထွေးသည် ထူးဆန်းနေသောယွန်းအား ပြန်မေးတော့ ခေါင်းခါလာတဲ့ယွန်းဟာ တစ်ခုခုပြောထွက်ချင်နေဟန်
ထို့အပြင် အဝေကပါ ရီဝေဝေနဲ့စိုက်ကြည့်နေတာမို့ ထွေး နေရတာ မကောင်းတော့ပေ
အမည်မသိတဲ့ခံစားချက်‌ကသေချာပေါက်တော့ကောင်းမနေထွေးဟာ မည်သည်မျှ သေချာမသိရသေးဘဲ ထိုသို့ အတွေး များတတ်သော အမျိုးသမီးသာ

" တစ်ခုခု ပြောစရာရှိနေကြတာလား "

"ဟင့်အင်း "

"ပြီးတာဘဲ "

စိတ်ကောက်သွားတဲ့ ထွေးဟာ ဆူပုပ်ပုပ်နဲ့ အကြော်တွေ အတင်းပါးစပ်တွေထိုးသွပ်နေတာမို့ ယွန်းနဲ့အဝေမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ခေါင်းကုတ်ရလေပြီ
အဝေသည် ယွန်းနဲ့ထွေးငယ်အား အချို့သော စကားများ ပြောမထွက်နိုင်ခဲ့ပါ

" နင်ကလဲ စိတ်မကောက်ပါနဲ့တော့ "

"ဘယ်သူက စိတ်ကောက်နေလို့လဲ !"

"အာရား ဟုတ်ပါပြီစိတ်မကောက်ဘူးဆိုလဲ နှုတ်ခမ်းလေး ထော်ထားတာချပါအုံး "

" ‌အယွန်းနော်လာမစနဲ့ "

စာကြည့်တိုက်မှာ တိုးတိုး တိုးတိုးနဲ့ ရန်ကပ်ဖြစ်နေတဲ့ နှစ်ယောက်ကို အဝေဟာ ထွေထွေကလေး ငေးကြည့်နေခဲ့သည်။
သူလုပ်နေတာတွေ အားလုံးဟာ ဒီ အမျိုးသမီးနှစ်ယောက်နဲ့ အတူနေရဖို့ပါ
တစ်ခါတစ်လေယွန်းကိုလည်း သိစေချင်သည်
သူလိုချင်သည့် မိသားစုအိမ်ဆိုတာ ဘယ်လို မျိုးလည်းဆိုတာကိုပေါ့
သေချာတာကတော့ ထွေးငယ်မပါလျှင် ထိုအိမ်ကလေးဟာ ပြီးပြည့်စုံနိုင်လိမ့်မည် မဟုတ်ပါ။

'စိန်ပန်းပွင့်' ‌တွေ 'နီဆွေးဆွေး' [Complete]Donde viven las historias. Descúbrelo ahora