အပိုင်း(၉)

1.3K 119 0
                                    

Uni

____________

လေး ကြိမ်မြောက် နွေဉီးမှာ ပွင့်လန်းလာတဲ့ စိန်ပန်းပွင့် နီစွေးစွေးများအောက်တွင် အမျိုးသမီး တစ်ယောက်သည် လွမ်းဆွတ်ဖွယ်ရပ်နေခဲ့သည်။
ကျောအလယ်ကျော်နေပြီဖြစ်တဲ့ ဆံပင်ရှည်ရှည်တို့နဲ့ ထို အမျိုးသမီးဟာ တစ်ချိန်က မြတ်နိုးရသူအမြဲလုပ်သလို စိန်ပန်းပင်ကြီးအား ‌ထွေထွေကလေး မျှော်ကြည့်နေခဲ့သည်။

" အဝေ!! အယွန်း ထအုံး အဲ့တာ အဝေဘဲ !!"

နေထွက်ဖို့စော လွန်းတဲ့အချိန်မှာ ထွေး တစ်ယောက်စာတွေဖတ်ရင်း မအိပ်သည်က နေ ပြတင်းပေါက်ထဖွင့်တော့ အဆောင်အောက်က စိန်ပန်းပင်အောက်ရပ်နေသော အမျိုးသမီးအား တွေ့လိုက်ရခြင်းပင်

" ဟင် ဆောင်းပြန်လာတယ် !"

အိပ်ချင်မှူးတူးနဲ့ ထလာတဲ့ အယွန်းဟာ ကလေးလေးလို သိပ်ချစ်စရာကောင်းနေပါတော့သည်။ကယောင်ကတမ်းနဲ့ မျက်နှာပင်မသစ်ဘဲပြေးထွက်သွားသော ယွန်းနောက်ထွေးတစ်ယောက် လက်ထဲက စာအုပ်ကလေး ချရင်း အပြေးလိုက်ရတော့သည်။

" အဝေ!!!"

"ဆောင်း !!!"

"အင့် အဟက် !"

လက်နှစ်ဖက်ဆန့်တန်းပြတော့ ထို အမျိုးသမီးနှစ်ယောက်သည် အဝေ့ ရင်ခွင်ထဲ အင့်ခနဲ ပြစ်ဝင်ကျလာသဖြင့် ဟက်ခနဲ ရယ်ချလိုက်မိတော့သည်။ နောက်ဆက်တွဲမှာ ဘာတွေ ဆက်ဖြစ်မလည်းဆိုတာ အဝေကလွဲလို့ မသိနိုင်ရာ ပေ

" ထွေးငယ် အဝေ့ကိုစိတ်ကောက်နေမယ်ထင်နေတာ "

" မကောက်ရက်ပါဘူးလေ ပြန်လာနေတာဘဲဟာ"

မျက်စောင်းလေး တစ်ချက်နဲ့ရလာတဲ့ အဖြေလေးမှာ အဝေသည် နှစ်ခြိုက်စွာပြုံးရယ်လာတော့သည်။အဝေသည် သူ့ရင်ခွင်ထဲက အမျိုးသမီးနှစ်ယောက်ကို လွတ်ပေးဖို့အစီအစဉ်ရှိပုံ မပေါ်သလို ထို အမျိုးသမီးနှစ်ယောက်ဟာလည်း ရုန်းထွက်ဖိူ့ မစဉ်းစားပေ

" ညစ်ပတ်အိုးလေး နှစ်ယောက် သွားရေသွားချိုး ပြီးရင်ခေါ်သွားစရာရှိတယ် "

"ဟွန့် အဝေနော် "

"‌ဆောင်းကလည်း ညစ်ပတ်အိုး မဟုတ်ပါဘူး"

'စိန်ပန်းပွင့်' ‌တွေ 'နီဆွေးဆွေး' [Complete]Where stories live. Discover now