အပိုင်း(၅)

1.3K 126 4
                                    

Uni

__________

" ‌ရတနာ နင်ရည်းစားတွေဘာတွေရနေတာတော့မဟုတ်ဘူးလား "

"ကြံကြီးစည်ရာ မမရာ "

ကော်ဖီလာပို့တဲ့ ထွေးဟာ မမ စကားကြောင့် ရင်ဘက်ကို လက်နဲ့ဖိကာ အလန့်တကြား ငြင်းလာသည်။ ဒါကို မမဟာ မယုံသက်ာနဲ့ စာရင်းတွေတွက်နေရင်းမှ ကြည့်နေသေးတာ

"ကဲပါမမရယ် တစ်ကယ်မရှိပါဘူးဆို"

"အေးနော် နင်မူပျက်နေတာ"

"ဟင်း ခက်လိုက်တာ မမတို့နဲ့ "

"သူကများပြောရတယ်ရှိသေး "

‌မျက်စောင်းထိုးရင်း လုံချည်အစကို အနည်းငယ်မကာ ထွက်သွားသော ထွေးကိုကြည့်ရင်းပြောလိုက်ခြင်းသာ
အမြဲအခန်းထဲအောင်းပြီး စာတိုက်ကိုဘဲ ချောင်းပေါက်မတတ်သွားနေတာ အိမ်ကလူတွေ မဟုတ်တရုတ် မထင်ဘဲနေပါ့

" ပိတ်ရက်လေးတောင်ပြည့်အောင်မနေချင်ပါ့လား သမီးရယ် "

" မေမေရယ် ကျောင်းတက်တုန်းလေးပါ "

ထိုးမုန့် ဆိုင်မှာ အလိုကျလိုက်ဝယ်ပေးနေတဲ့ မေမေက စိတ်မကောင်းဟန် ဆိုလာလေတော့ မေမေ့ လက်မောင်းများခိုချိတ်က ထွေးသည် ကလေးတစ်ယောက်လို ချွဲနွဲတော့သည်။
သို့သော် ကျောင်းများပြီးသည့်အခါတွင်လည်း ထို အမျိုးသမီးနှစ်ယောက်အနားသာ ရှိနိုင်မည့်အကြောင်းတော့ ထွေး ထည့်မပြောဖြစ်ပါ

" ဆောင်းဝင်တော့မှာ အေးတယ် ဂရုစိုက်အုံး
စာလည်း အမြဲပို့ "

"ဟုတ်ကဲ့ပါမေမေ သမီးအမြဲမေမေ့စကားနားထောင်နေကြပါ "

"တော်တော်လေး နားထောင်ရှာပါတယ် "

"ဟီး မေမေကလည်း "

မေမေက မျက်စောင်းထိုးရင်းဆိုတော့ ထွေးဟာ သူ(မ)သွား‌ဖြူဖြူပေါ်အောင်ဟီးခနဲ မျက်နှာချိုသွေးလာသည်။ကားဂိတ်မှာ မပြီးနိုင်မစီးနိုင်မှာနေတဲ့ မေမေဟာ
ရက်မပြည့်ဘဲ အဆောင်ပြန်လို့ ထွေးကို အနည်းငယ်လည်း စိတ်ကောင်ချင်နေပါသည်။ ‌အဝေနဲ့ယွန်းက ပိတ်ရက်မှာတွေ့လို့ရပေမယ့် ထွေးကတော့စာနဲ့ဘဲ အဆက်အသွယ်လုပ်နေရတာ ဖြစ်နေ၍ မေမေ့နား ကပ်ချင်သေးပေမယ့် ထို အမျိုးသမီးနှစ်ယောက်ကိုလည်း တွေ့ချင်လှပြီဖြစ်သည်။

'စိန်ပန်းပွင့်' ‌တွေ 'နီဆွေးဆွေး' [Complete]Where stories live. Discover now