အပိုင်း(၁၂)

1.2K 108 0
                                    

Uni

_______________

" မမရယ် ထွေး မဟုတ်တာတွေ လုပ်နေတာမှ မဟုတ်ဘဲဟာ "

"အမလေးရတနာ ! ဟမ် နင် !"

စကားတွေ ဆက်မထွက်လာတော့တဲ့ မမဟာ စတီခုံပေါ်မှာ တအံ့တဩ ဖြစ်နေလေရဲ့
မမသည် ထွေးအား တားချင်နေပုံပါ
ဖြစ်နိုင်ရင် မမဟာ ထွေးကို မန္တလေး ကိုခုဘဲခေါ်သွားချင်ပုံ

" နင်က ငါပြောထားရဲ့နဲ့ !"

" ထွေးက မမ စကား နားမထောင်တာလည်း မဟုတ်ပါဘူး "

" စကားနားမထောင်တာထက် နင်လုပ်လိုက်တဲ့ ပြဿနာဟာ ဘယ်လောက်ကြီးလဲ သိရဲ့လား"

ခေါင်းငုံနေတဲ့ ထွေးဟာ သူ့ အမဖြစ်သူအား မော်မကြည့်ရဲခဲ့ပါ
ချစ်ကြောက်ရိုသေဆိုသလို မမကို မေမေ့ ထက်ထွေးပိုကြောက်ရပါသေးသည်။
အခုလည်းရန်ကုန်ထိ တကူးတက လိုက်လာပုံ ထောက်ရင်တော့ မမက ‌ထွေးမပါဘဲ အိမ်မပြန်မယ့်ပုံ

" ချစ်မိတာ အပြစ်လား "

" ချစ်မိတာအပြစ်မဟုတ်ပေမယ့် အေးနင်ချစ်လိုက်တာက မိန်းမ လေ တစ်ယောက်တောင်မဟုတ်ဘူး နှစ်ယောက်ဟဲ့နှစ်ယောက်!"

" အိုမမရယ်အချစ်မှာ မျက်လုံးပါလို့လား"

" မိရတနာ ဒါ ဇာတ်ကား ရိုက်နေတာမဟုတ်ဘူး!!နင့်မှာ ဦးနှောက်မရှိဘူးလားဟမ် အခု ငါတို့ မိသားစု အပြောအဆို ခံနေရတာရော သိရဲ့လား မေမေဆို ခုထိ ငိုနေတုန်း နင်မို့လို့ "

မမသည် ထွေး၏ နားထင်အား ခပ်နာနာထောက်ရင်း ဆိုနေသော်လည်း ထွေးထံတွင်ပေးစရာ အဖြေ မရှိခဲ့ပါ
ဒီအခြေအနေတွေက ရင်ဆိုင်ဖို့ ခက်ခဲမယ်မှန်း ကြိုတွေးခဲ့သော်လည်း လက်တွေ့က ပို ခက်ခဲမှန်း ထွေး နားလည်လိုက်သည်။

" သူက နင့်ကို အများကြီးမျှော်လင့်ထား*sob*
ခုလို လုပ်နေဖို့မှမဟုတ်တာ "

"...."

မမမျက်ရည်တွေ တွေ့သောအခါ ထွေးတွင် မျက်ရည်ကျဖို့ အခွင့်မရှိခဲ့ပါချေ
ဤ သဘောတရားသည်ငယ်စဉ်ကတည်းကပင် အရာရာ မြိုသိပ်နေခဲ့ရတဲ့ ထွေးတွင်လည်း ရင်တွင်း ဒဏ်ရာ ချက်ပေါင်းများစွာ
ဒီတစ်ခါတော့ဖြင့် ထွေးသည် မိသားစုအလို မလိုက်နိုင်တော့ပါ ထွေး၏ နွေဦးလေးများကို ထွေးကိုယ်တိုင် အဝေး မပို့ ချင်မိပါ။

'စိန်ပန်းပွင့်' ‌တွေ 'နီဆွေးဆွေး' [Complete]जहाँ कहानियाँ रहती हैं। अभी खोजें