၁..ထိတ်လန့်ခြင်း

5.2K 233 4
                                    

[Unicode]

ရေကန်ထဲကိုတစ်ခုခုကျသွားသလိုကြီးမားတဲ့ ရေသံကိုကြားလိုက်ရတော့ သူမရဲ့ငြီးငွေ့ဖွယ်မျက်၀န်းတွေကတဖြည်းဖြည်းပွင့်လာခဲ့သည်၊ ရေကန်ရဲ့မှောင်မိုက်တဲ့ထောင့်တစ်နေရာကတောက်ပနေတဲ့ အပြာရောင်ကျောက်စိမ်းဆွဲသီးသူမ မြင်လိုက်၏။

ဤခေတ်က လက်ဝတ်ရတနာများသည် ချမ်းသာခြင်း၏သင်္ကေတတစ်ခုဖြစ်ရုံသာမက လူနေမှုအဆင့်အတန်းနှင့်ပုဂ္ဂိုလ်ရေးဆိုင်ရာ အမှတ်အသားတစ်ခုလည်းဖြစ်၏။

ရှေးခေတ်တရုတ်ပြည်တွင် ကျောက်စိမ်းသည် ကျက်သရေနှင့်ဂုဏ်သိက္ခာ;ခွန်အားနှင့်ကြော့ရှင်းခြင်း;စင်ကြယ်ခြင်းနှင့်ဘုန်းတန်ခိုးဟူသောအယူကိုဆောင်သည်၊ဒူအင်ပါယာတွင်အပြာရောင်ကို ဧကရာဇ်နှင့်တော်ဝင်မိသားစုတစ်ခုလုံးကသာသီးသန့်အသုံးပြုထားသည်။

သူမရဲ့ကိုယ်ပိုင်အစေခံ အားပေါင်ကသူမကိုမတ်တပ်ရပ်ဖို့ကူညီပေးလိုက်၏။ရေကန်ရဲ့တစ်ဖက်ကိုမရောက်ခင်ထိပုံမှန်အတိုင်းပဲလမ်းလျှောက်သွားလိုက်သည်။

ထို့နောက် လည်ပင်းမှရင်းနှီးပြီးသားဖြစ်တယ့် ကျင်းပု(*ကျောက်စိမ်းဆွဲသီး)ကိုကိုင်ကာအနီးကပ်ငုံ့ကြည့်မိလိုက်၏။
သူမမှတ်မိသလောက်ဆို ဤဆွဲသီးသည်လက်ရာမြောက်တဲ့ပုံစံတွေနဲ့အသေးစိတ်ပုံဖော်ထားသည်၊ထိုသို့ သိမ်မွေ့နူးညံ့သောထွင်းထုမှုများကို ရရှိရန် များစွာသောကျွမ်းကျင်မှုနှင့်နှစ်ပေါင်းများစွာ လေ့ကျင့်ထားမှသာရမည်ဖြစ်သည်။

"မင်းသမီး,ကျွန်တော်မျိုးတို့..."

မိန်းမဆိုး နူကသူမဘေးသို့အလျင်စလိုပြေးလာပြီးဦးစွာနှုတ်ဆက်လိုက်သည် "လျှိုယန်မင်းသမီးကို နှုတ်ခွန်းဆက်သပါတယ်"

သူမသည်"ဧကရာဇ်နှင့်ကျွန်မ"ဆိုတယ့်၀တ္ထုတစ်ပုဒ်ထဲကိုဝိညဉ်ကူးပြောင်းလာခဲ့သည်၊ထို၀တ္ထုသည် နိမ့်ကျတယ့်အစေခံတစ်ယောက်ရဲ့သမီး ကျောင်းကျန့်နှင့်အိမ်ရှေ့စံမင်းသား ဒူကိုင်တို့ကြားကအချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်။

တစ်ညတွင် အိပ်မက်ထဲသို့အသံတစ်ခုဝင်ရောက်လာခဲ့သည် "သင့်ရဲ့အခန်းကိုကောင်းကောင်းကစားပါ၊လီချာသေမယ့်နေ့မှသေမှသာသင့်ရဲ့ကမ္ဘာကိုပြန်သွားနိုင်မည်ဖြစ်သည်"

Villainess Series 2 ;အဓိကဇာတ်ဆောင်အားငြင်းပယ်ခြင်းWhere stories live. Discover now