၈..အကြောက်အရွံ့ကင်းခြင်း

777 110 4
                                    

[Unicode]

သူဒီကိုရောက်လာတယ်!

ငါတို့ရဲ့မျက်နှာဖုံးနက်နဲ့ဒုတိယဇာတ်ဆောင်အတွက် မျက်ရည်မိုးရွာဖို့အဆင်သင့်ပြင်လိုက်ကြစို့!

တရုတ်ဝတ္ထုများတွင် ဒုတိယဇာတ်ဆောင်က အဓိကဇာတ်ဆောင်ရဲ့ သူငယ်ချင်းဖြစ်ရင်ဖြစ်၊မဖြစ်ရင် ညီအစ်ကိုဖြစ် မဟုတ်ရင်လည်းကိုယ်တိုင်ကဗီလိန်ဖြစ်ရင်ဖြစ်။ကောင်းပြီ,ဒီတစ်ခါတော့ ပထမတစ်ခုကိုရွေးချယ်လိုက်တဲ့သွေးစွန်းစာရေးဆရာကိုကျေးဇူးတင်တယ်။

'ကိုယ်လူတို့ သူတို့သာညီအစ်ကိုဆိုခံစားရတာတစ်ကယ်လွယ်မှာမဟုတ်ဘူး'

လူနှစ်ယောက်ကညီအကိုတွေမို့လို့ တူညီမှုတွေအများကြီးရှိပြီး မိန်းမတစ်ယောက်တည်းကိုပဲအတူတူချစ်မိမယ်လို့မဆိုလိုဘူး။

တစ်ကယ်လို့ မိန်းမတစ်ယောက်တည်းကိုပဲချစ်မိသွားတဲ့ ညီအစ်ကိုတွေဆိုရင်လည်းအရမ်းခံစားရခက်တယ်။အဲ့လိုရေးတဲ့စာရေးဆရာတွေဆိုလည်းအရမ်းမုန်းတယ်လို့..

"အို...ခေါင်းဆောင်ဟောက်.. အံ့သြစရာပါလား"လီချာနှုတ်ခမ်းထက်တွင်နတ်ဆိုးအပြုံးတစ်ခုပန်ဆင်လိုက်၏။ထိုအပြုံးက ဒုတိယဇာတ်ဆောင်ကိုနိမ့်ချစွာ ခနဲ့လိုက်သလိုပင်။

ဟောက်ရန်သည်ငါးနှစ်သားအရွယ်တွင်မိဘမဲ့ဖြစ်ခဲ့သည်။ထို့နောက် မြို့စားအိမ်တော်သို့ခေါ်ဆောင်သွားခံရ၍ ယုလန်မြို့စားထောင်မု(ဧကရီထောင်ချီ၏အစ်ကို,အဓိကဇာတ်ဆောင်ကိုအကြီးမားဆုံးထောက်ပံ့ပေးနိုင်သူတစ်ဦး)ရဲ့သင်တန်းသားတစ်ယောက်ဖြစ်လာခဲ့သည်။

မြို့စား၏လမ်းညွှန်မှုအောက်တွင် ဟောက်ရန် သည်မတူညီသောစစ်ရေးစွမ်းရည်များကိုသင်ယူခဲ့ပြီး နိုင်ငံရေးသဘောတရားများကိုလည်း လေ့လာခဲ့သည်။ထို့ကြောင့် ငယ်ရွယ်စဉ်တွင် သူ၏လုပ်ဖော်ကိုင်ဖက်များအားလုံးထက် စစ်ပွဲအကြောင်းကိုပိုမိုနားလည်ခဲ့သည်။သူ၏ အံ့ဖွယ်အကြံဉာဏ်များနှင့်စေ့စပ်သေချာသော နည်းဗျူဟာများကိုအသုံးပြုခြင်းက; ဆယ်ကျော်သက်အရွယ်ဖြင့် တိုက်ပွဲများကိုတစ်ခဏချင်းအနိုင်ယူနိုင်ခဲ့သည်။

Villainess Series 2 ;အဓိကဇာတ်ဆောင်အားငြင်းပယ်ခြင်းWhere stories live. Discover now