၆..ဆံညှပ်

803 111 5
                                    

[Unicode]

နွေယဉ်စွန်းချိန်ပွဲတော်တွင် နတ်ဘုရားများအားကျေးဇူးတင်ကြောင်းနှင့်ဘိုးဘေးများကို၀တ်ပြုဆုတောင်းခြင်းများပါ၀င်သည်။၎င်းပွဲတော်သည် ဒူအင်ပါယာ၏အခမ်းနားဆုံးပွဲတော်တစ်ခုဖြစ်သည်။နွေယဉ်စွန်းချိန်ပွဲတော်ကျင်းပရန် လူအများသည်လည်း သီးနှံရိတ်သိမ်းခြင်းများဆင်နွှဲကြပြီး ငြိမ်းချမ်းရေးအတွက်လည်း ဆုတောင်းကြသည်။

"အိမ်ရှေ့စံမင်းသားကြွလာပါပြီ"

အားလုံးကသူ့ကိုကြည့်နေကြသည်။

ကြောင်လေးက ချစ်ရတဲ့မိဘတွေနဲ့သူ့ရဲ့နတ်ဆိုးအဖွားအိုတို့ကိုဂါ၀ရပြုလိုက်ပြီး‌ သူ့မျက်လုံးတွေကသူမကိုငေးကြည့်နေတာသတိထားမိလိုက်သည်။

'ဒီကလေး..'

'ဒီဗီလိန်မလေးမှာ လှပတဲ့မျက်နှာရှိတယ်ဆိုတာ သိပါတယ်,အဲ့တာကြောင့်ကျေးဇူးပြုပြီး ငေးကြည့်မနေပါနဲ့တော့'

သူ့အပြုအမူကိုထိန်းဖို့သတိပေးရန် သူမပြန်စိုက်ကြည့်လိုက်၏။

'ကိုယ့်ဂုဏ်သိက္ခာကိုမမေ့ပါနဲ့,မင်းသားလေးရေ'

မထင်ထားတာသည်မှာ အစောပိုင်းကစိုးရွံ့နေတဲ့အဓိကဇာတ်ဆောင်ရဲ့မျက်၀န်းတွေက ရုတ်တရက်ကြီးကြယ်တွေလိုလင်းလက်တောက်ပနေလေသည်။*ကိုယ့်နဖူးကိုယ်ရိုက်လိုက်ခြင်း* အခု ပြုံးတောင်ပြုံးနေသေးတယ်။ဒီဗီလိန်မရဲ့နှလုံးသားလေးကထိရှလွယ်တယ်လို့။

'အာ့!ငါ့နှလုံးသားလေး!'

ဒူတော်၀င်မိသားစုက ပွဲတော်ကိုတခမ်းတနားဖြင့်ကျင်းပထားသောကြောင့်ပတ်၀န်း‌ကျင်ကသက်၀င်လှုပ်ရှားလှသည်။လူအုပ်ကြီးရဲ့မျက်နှာများတွင်လည်းပျော်ရွှင်မှု၊ကျေနပ်မှုအပြည့်နဲ့ပင်။

"မင်းသမီး,အစားအသောက်တွေကအရမ်းအရသာရှိတယ်"

သူမ ဒူကိုင်ကိုလှမ်းကြည့်လိုက်တော့ သူ့ရဲ့ပါးပြင်လေးတွေက အစာအသောက်များဖြင့်ဖောင်းပွနေသည်။သူရဲ့အပြစ်ကင်းစင်တဲ့ ရယ်မောမှုကသူမကိုပါကူးစက်သွားစေသည်။

"မင်းသမီးလေး အရမ်းလှတာပဲ"

"မင်းသမီးလေးက ဘာလို့အဲ့လောက်လှရတာလဲ"

Villainess Series 2 ;အဓိကဇာတ်ဆောင်အားငြင်းပယ်ခြင်းWhere stories live. Discover now