၉..အားနည်းခြင်း

806 113 6
                                    

[Unicode]

ချက်ခြင်းဆိုသလို ဟောက်ရန် ဒူးထောက်ချလိုက်၏။

သူမကမချိပြုံး ပြုံးလိုက်ပြီး ဒါကတစ်ကယ်ကိုတုန်လှုပ်စရာပင်။ဒီလိုသေစေလောက်တဲ့တိုက်ခိုက်မှုမျိုးနဲ့...ကိုးနှစ်အရွယ်ချူချာတဲ့ကလေးကို..ဘယ်လိုလုပ်ဖြစ်နိုင်မလဲ?

"ခေါင်းဆောင်ဟောက်,ကိုယ့်စကားကိုယ်ဆင်ခြင်ပါ"ထို့နောက် သွယ်လျလွန်းတဲ့လည်ပင်းကိုလက်ချောင်းထိပ်လေးများနဲ့ပွတ်သပ်ရင်း"မဟုတ်ရင် အသက်ဆုံးရှုံးနိုင်တယ်"

အချစ်အတွက်ပြိုင်ဖက်များကဲ့သို့ပင် သူမရဲ့ရေဘဝဲမျက်လုံးများက ဟောက်ရန်၏အကြည့်နှင့်ဆုံမိသွားသည်။

သူမလည်းပြန်စိုက်ကြည့်ရင်း'နင်ကများငါ့ကြောင်လေးကို လိုချင်တပ်မက်ရဲတယ်!သစ္စာဖောက်ကောင်!ခေါင်းနဲ့သာထွက်သွားလိုက်!'

အခန်းထဲတွင် ဒုတိယဇာတ်ဆောင်ဆီမှထွက်ပေါ်လာသည့်သတ်ပစ်ဖို့အငွေ့အသက်များဖြင့် ပြည့်နှက်နေပြီး ဒီဗီလိန်မလေးကလည်း အံ့အားသင့်စွာ‌သူ့ရှေ့တွင်ရပ်နေခဲ့သည်။

'နောက်ဆုတ်!နင်ကဒီမင်းသမီးနဲ့အံတုချင်တာလား'

ဟောက်ရန်ကသူမအား 'ရွံစရာမင်းသမီး'ကိုမြင်နေရသလိုမျိုးကြည့်နေသည်။သူကအံကြိတ်လျက် ဒေါသကိုအလွန်အမင်းထိန်းချုပ်ထားရသည်။သူကလက်တွေကိုကျစ်ကျစ်ပါအောင် ဆုပ်ထားပြီးပြန်ဖြေလျော့လိုက်၏။ထိုသည်က သူမဖင်ကိုရိုက်ဖို့ကြိုးစားနေသော်လည်းလက်လှမ်းမမှီနိုင်သလိုမျိုးပင်။

'ဘုရားရေ!ဒီကောင်လေးရဲ့ဒေါသက ဟာသတော့မဟုတ်ဘူးနော်'

အခုကစပြီးနောက်ခြောက်နှစ်ဆို,ဒီရဲရင့်တဲ့စစ်သားက ယုလန်မြို့စားရဲ့ကွပ်ကဲမှုအောက်မှာ အကြီးမြတ်ဆုံးစစ်သူကြီးတစ်ယောက်ဖြစ်လာလိမ့်မယ်။စွမ်းရည်မြင့်မားသူတစ်ဦးဖြစ်ပြီး အင်ပါယာတစ်ခုလုံးက သူ့ကိုဤခေတ်တွင်အပြောင်မြောက်ဆုံးစစ်ရေးဗျူဟာမြောက်သူဟုခေါ်တွင်ကြလိမ့်မှာဖြစ်သည်။

ထိုဆယ်ကျော်သက်အရွယ်ကောင်လေးက အိမ်ရှေ့စံမင်းသားကိုအန္တရာယ်ပြုဖို့ကြိုးစားသူတိုင်း ဘယ်လိုကရုဏာသက်ညှာရမလဲလည်းမသိချေ။

Villainess Series 2 ;အဓိကဇာတ်ဆောင်အားငြင်းပယ်ခြင်းWhere stories live. Discover now