၇..နှစ်သိမ့်ပေးခြင်း

816 109 1
                                    

[Unicode]

စာဖတ်သူများက ကြောင်ကလေးသည်သန်မာတဲ့အဓိကဇာတ်ဆောင်မင်းသမီးနဲ့မထိုက်တန်ကြောင်းမှတ်ချက်ပေးခဲ့ကြပြီး အသုံးမဝင်တဲ့ အဓိကဇာတ်ဆောင်မင်းသားဟုလည်းအခေါ်ခံခဲ့ရသည်။

ဝတ္ထုတစ်ခုလုံးတွင်ဖော်ပြထားသည်က ကိုင် သည်ရိုးရှင်းပြီးနုံအသည်။အရည်အချင်းမပြည့်မီတဲ့အိမ်ရှေ့စံမင်းသားက အားနည်းတဲ့ခန္ဓာကိုယ်ဖြင့်မွေးဖွားလာသလို အထိရှလွယ်တဲ့နှလုံးသားဖြင့်လည်းမွေးဖွားလာခဲ့သည်;သို့ပေမယ့်လေပြင်းအနည်းငယ်ကြောင့်ပဲ အဓိကဇာတ်ဆောင်ရဲ့ပုံစံကိုကျိုးကြေသွားစေခဲ့သည်။

'လူသတ်သမား'

သူမတစ်ခုခုလွဲနေသလိုခံစားလိုက်ရ၏။ အသက်ကိုးနှစ်အရွယ်ကလေးငယ်ကို လူသတ်သမားအဖြစ်စိတ်ကူးကြည့်ခြင်းကအဓိပ္ပာယ်မရှိပေ။

လုပ်ကြံသတ်ဖြတ်သူက အခြားလူတစ်ဦးဖြစ်နိုင်ပြီးအရှင့်သားက တစ်နေရာရာမှာဆံညှပ်ကို ကောက်ယူခဲ့တာပဲဖြစ်နိုင်သည်။ဒါပေမယ့် ကျွမ်းကျင်တဲ့လူသတ်သမားက ဘာလို့ဆံညှပ်ကိုလက်နက်အဖြစ်သုံးတာလဲ?

'နင့်ဖေတဲ့မှ'ဘ၀မှာတစ်ခါမှဒီလိုဆွံ့အသွားသလိုမခံစားရဖူးဘူး။

လာနောက်နေတာလား?သက်သေကဒီမှာလေ!အဓိကဇာတ်ဆောင်ကသူတို့ကိုသတ်လိုက်တာသေချာတယ်!

"ကျွန်တော်.. မဟုတ်ဘူး..ကျွန်တော်"

"သူတို့ကကျွန်တော့်ကိုချုပ်..ထားတယ်၊အဲ့တာကြောင့်ဘာမှလုပ်လို့မရဘူး၊ပြီးတော့ သူတို့ကကျွန်တော့်ပါးစပ်ကိုလည်း...အုပ်ထားကြတယ်၊အော်လို့..လို့လည်းမရဘူး၊ကျွန်‌တော်ကြိုးစားအော်..ပေမယ့်ဘယ်သူမှမကြားကြဘူး"ကြောင်ကလေး၏အသံကတုန်လှုပ်နေပြီး ငိုသံကိုလည်းမျိုသိပ်ထားသည်မှာသိသာလွန်းသည်။

"သူတို့က ကျွန်တော့်အ၀တ်အစားတွေကိုလည်းဖြဲပစ်ကြတယ်၊ပြင်းပြင်းထန်ထန်လည်းရိုက်..ရိုက်ကြတယ်၊ဒါပေမယ့် သူတို့ကအဲ့ဒါနဲ့တင်မလုံလောက်သေးဘူး၊ကျွန်တော်လက်ထဲကအရာကိုတွေ့တော့..ကျွန်တော့်ဆီကလုယူဖို့ကြိုး..ကြိုးစားကြတယ်"

ငါ့ကိုယုံပါ ကိုင်၊ငါလည်း အပြစ်မကင်းပါဘူး။ ဒီနေရာမှာနောင်တရစရာနေရာမရှိပါဘူး၊ငါတစ်ကယ်နင့်အတွက်တစ်ခုခုလုပ်ပေးချင်ပေမယ့်  နောက်ကြောင်းပြန်လှည့်လို့မရဘူး။

Villainess Series 2 ;အဓိကဇာတ်ဆောင်အားငြင်းပယ်ခြင်းOù les histoires vivent. Découvrez maintenant