၂..ပေးအပ်ခြင်း

1.9K 169 8
                                    

[Unicode]

"မင်း..မင်းသမီး,ကျွန်တော် မ..မကစားချင်တော့ဘူး"

လရောင်အောက်ရှိ ရေစက်လေးတွေကသူ့ရဲ့နုပျိုပြီးကြည်လင်နေတယ့်အသားအရေပေါ်မှာစိုက်ကြည့်ဘဲမနေနိုင်လောက်အောင်တောက်ပနေခဲ့သည်။

ဖုဟွမ်(*အင်ပါယာဧကရာဇ်)ပြောတာတော့ လှပတယ့်အရာတွေကအန္တရာယ်များတယ်တယ့်၊သူမ ရယ်မောမိလိုက်သည်။

ဒူမင်းသားငယ်လေးကတောင်းပန်‌သောလေသံလေးဖြင့် "မင်းသမီး,ကျွန်တော်ဒီ..ဒီလိုဆော့ရတာမကြိုက်ဘူး"

'ဒီအသားလတ်လတ်ဆတ်ဆတ်လေးကတော့နော်..'

လီချာက ပေါင်မုန့်လေးလိုနူးညံ့နေတယ့်သူ့ပါးပြင်လေးကိုလက်မဖြင့်ပွတ်သပ်ပေးရင်း ဆိုလိုက်သည်"စည်းမျဉ်းတွေကိုသိတယ်မလား,မင်းသား"

ရှေ့ကပြောခဲ့သလိုပဲ,ကျွန်မကသွေးစွန်းနေတယ့်ဝတ္ထုထဲကို၀ိညဥ်ကူးပြောင်းလာခဲ့ပြီး သေခြင်းလမ်းကြောင်းကနေလွတ်မြောက်ဖို့ ကြိုးစားခဲ့တယ်၊ဒါပေမယ့် အဆုံးမှာတော့သနားစရာကောင်းတဲ့ကျွန်မကကျရှုံးခဲ့ရတယ်*မရှိတယ့်လက်ကိုင်ပဝါကိုအတွေးထဲမှာကိုက်စုတ်နေသည်*

အဲ့ဒီနောက်မှာတော့ အချိန်နောက်ပြန်ဆုတ်ပြီးထို၀တ္ထုထဲမှာပဲတစ်ဖန်ပြန်မွေးဖွားလာခဲ့တယ်၊တစ်ခါက စက်ဆုပ်စရာကောင်းပြီးပျက်စီးသွားတဲ့ ဗီလိန်ဇာတ်ကောင်ကိုပြန်ပြင်ဆင်ဖို့နောက်ထပ်အခွင့်အရေးတစ်ခုရရှ်ိခဲ့တယ်၊ကျွန်မက တူညီတယ့်ကိုယ်ခန္ဓာ၊တူညီတယ့်ဝတ္ထုလောကမှာပဲပြန်လည်မွေးဖွားလာခဲ့တယ်။

Qīsìbā! (*သွားသေလိုက်တော့*ငရဲကိုသာသွားလိုက်တော့*)

"မင်းရဲ့ အခန်းကဏ္ဍကိုကောင်းကောင်းကစားပါ,ပြီးရင် လီချာသေတဲ့နေ့မှာသေခြင်းကသာ မင်းရဲ့ကမ္ဘာကိုပြန်သွားနိုင်တဲ့တစ်ခုတည်းသောနည်းလမ်းပဲ"သူမခြောက်နှစ်ပြည့်မွေးနေ့ညမှာ အမျိုးသမီးတစ်ယောက်ရဲ့အသံက တစ်ဖန်ပြန်ပေါ်လာခဲ့သည်၊သူမရဲ့အရင်ဗီလိန်ဘဝရဲ့အမှတ်ရစရာတွေလည်းအဲဒီညမှာပဲသူမဆီကံမကောင်းအကြောင်းမလှစွာပြန်ရောက်လာခဲ့တော့သည်။

Villainess Series 2 ;အဓိကဇာတ်ဆောင်အားငြင်းပယ်ခြင်းWhere stories live. Discover now