၁၂..မျက်လုံးစည်းနဲ့ကလေး

844 96 3
                                    

[Unicode]

တကယ်နားမလည်ဘူး။

ကိုယ့်ကိုကိုယ်အထင်ကြီးတဲ့CEOတို့ ဒါမှမဟုတ်လည်း အမှောင်လွှမ်းနေတဲ့မင်းသာတို့စတဲ့အဲ့လိုလူမျိုးအကြောင်းတွေကိုဘာလို့လူတစ်ချို့ကဖတ်ရတာကြိုက်ကြတာလဲ?ဟာသဥာဏ်ကမရှိ၊ဒေါသကလည်းထွက်တတ်သေး၊စိတ်ကလည်းရင့်သီးသေး၊သွေးအေးအေးနဲ့ကလည်း ရက်စက်တတ်သေး အဲ့လိုပုံစံမျိုးနဲ့အဓိကဇာတ်ဆောင်ဆိုလူတွေကသိပ်ကြိုက်ကြတာ..

ဟုတ်တယ်လေ .. အဓိကဇာတ်ဆောင်တွေက စိတ်ပိုင်းဆိုင်ရာပြဿနာမရှိရင်အဓိကဇာတ်ဆောင်ဖြစ်မလာရတော့ဘူးလား?

သူမလက်တွေ့ကမ္ဘာမှာတုန်းက တရုတ်၀တ္ထုအများအပြားကိုဖတ်ကြည့်ဖူးခဲ့သည်။၎င်းတို့သည် OCDရဲ့(Obsessive-compulsive Disorder);စိတ်ပိုင်းဆိုင်ရာ-အဲ့လူတွေရဲ့အတွေးတွေကိုကရာဇ၀တ်ကောင်အတွေးတွေနဲ့၊စိတ်ကျရောဂါကလည်းခံစားနေရသေး;ကယောင်ချောက်ခြားနဲ့၊အထူးသဖြင့် ယုတ္တိမရှိတာက'ငါ့ကို-ချစ်-ဒါမှမဟုတ်ရင်-မင်း-ချစ်တဲ့လူတိုင်း-သေရလိမ့်မယ်'အဲ့လိုပိုင်စိုးပိုင်နင်းပုံစံနဲ့က အဓိကဇာတ်ဆောင်တဲ့။

အဲ့လိုချာတူးလံ၀တ္ထုတွေမဖတ်ဖို့ အကြံပေးလိုက်ချင်တယ် [ဒါကိုတော့ကြိုက်ကြလား?,Lmao]

ဒီအဖွားကတော့ ကိုယ့်ရဲ့coupleအားလုံးကိုကျန်းမာတဲ့relationshipနဲ့ပဲကောင်းကောင်းဖန်တီးပေးထားပါတယ်။

ငါသာဆိုအဲ့ဒီဦးနှောက်ချောင်နေတဲ့အဓိကဇာတ်ဆောင်မင်းသမီးတွေကိုရိုက်ပလိုက်မှာ'နာကျင်ရတာကြိုက်တဲ့သူတွေရေ,သာမာန်လက်တွဲဖော်ကိုပဲရွေးပါလို့,ဟုတ်ပြီလား!'

နာခံတတ်တဲ့ပုံစံမျိုးကိုဘာလို့မရွေးချယ်ကြတာလဲ?နူးညံ့သိမ်မွေ့ပြီး ချစ်ဖို့ကောင်းတဲ့သူ၊အမြဲချစ်နေမယ့်သူ၊အဓိကဇာတ်ဆောင်မင်းသမီးသတိထားမိလာစေဖို့စောင့်နေပြီး ကာကွယ်စောင့်ရှောက်ပေးတဲ့သူ။အမ်.. Xiao Nai ဒါမှမဟုတ် Ye Huaတို့လိုပေါ့၊သူတို့ကပိုမကောင်းဘူးလား?!

(*One Smile is Alluringဝတ္ထုမှ Xiao Nai*)

(*Three lives,three world's,Ten Miles Peach Blossomsဝတ္ထုမှYe Hua)

သူမအသက်ပြင်းပြင်းရှူလိုက်ရင်း ထပ်မံညည်းညူလိုက်၏:တကယ်ကိုနားမလည်ဘူး။

Villainess Series 2 ;အဓိကဇာတ်ဆောင်အားငြင်းပယ်ခြင်းWhere stories live. Discover now