၄..အိမ်မွေးတိရစ္ဆာန်

1.1K 117 2
                                    

[Unicode]

တရုတ်ယဉ်ကျေးမှုတွင် နဂါးများသည်တန်ခိုး၊ ခွန်အားနှင့်ကံကြမ္မာကိုကိုယ်စားပြုပြီး ခြေသည်းငါးချောင်းရှိသောနဂါးသည်ဧကရာဇ်မင်း ကိုကိုယ်စားပြုသည်။

ငါးအမြီး၊ငါးကြင်းအကြေးခွံ၊မြွေလည်ပင်း၊ လင်းယုန်ခြေသည်း၊ကျားခြေဖဝါး၊နွားနားရွက်၊နတ်ဆိုးမျက်စိ၊ဆိတ်တစ်ကောင်ရဲ့မုတ်ဆိတ်မွေးနှင့်နွားသိုးတစ်ကောင်း၏ဦးချိုတို့သည် ဇာတ်လမ်းအများစုတွင်တရုတ်နဂါးတစ်ကောင်၏လက္ခဏာများအဖြစ်သရုပ်ဖော်လေ့ရှိသည်။

ဝတ္ထုတွင် စစ်မြေပြင်လေးခု(ချူ၊ဒူ၊ထန်၊လီ) တို့ကို 'ပင်လယ်လေးခု၏နဂါးဘုရင်များ'
(စစ်ဟိုင် လုံ၀မ်)ဟုခေါ်ဆိုကြသည်။

တစ်ခုစီတွင် ၎င်းတို့၏နယ်နိမိတ်သင်္ကတများလည်းရှိကြ၏ - [1]အရှေ့ပင်လယ်- ကြင်နာတတ်သော ရေခဲနဂါးဧကရာဇ် ချူညုံ၊[2] တောင်ပင်လယ်-ရည်မှန်းချက်ကြီးတဲ့မီးနဂါးဧကရာဇ် လီဟိုင်၊[3]အနောက်ပင်လယ်- ငြိမ်းချမ်းရေးကိုမြတ်နိုးသော မိုးပြာရောင်နဂါးဧကရာဇ် ဒူကျင်း နှင့်နောက်ဆုံးက [4] မြောက်ပင်လယ်-လျှို့ဝှက်ဆန်းကြယ်သော နဂါးနက်ဧကရာဇ် ထန်ကျဲတုံ ။

ဝတ္ထုထဲတွင် ပုံပြင်ဆန်တဲ့ထိုတည်နေရာများကို တစ်ကြိမ်သာဖော်ပြခဲ့သည်၊ဟုတ်တယ်,ငါတို့ရဲ့ချစ်လှစွာသောစာရေးဆရာက သိပ်ပျင်းဖို့ကောင်းတာပဲ။ဝတ္ထုထဲက ငါ့ရဲ့ပထမဘ၀မှာဆိုရင်လည်း ဒူနဲ့လီအင်ပါယာနှစ်ခုနယ်မြေထဲသာ၀င်ဖူးတယ်။

လွန်ခဲ့သည့်ခြောက်လက ပြိုင်ဘက်နိုင်ငံနှစ်ခုကြားတွင် အိမ်ထောင်ရေးမဟာမိတ်ဖွဲ့တစ်ခုဖွဲ့ခဲ့ကြသည်၊သွေးချောင်းစီးခြင်းကို ရပ်တန့်ဖို့အတွက်ပေါ့။ မိုးပြာရောင်ဧကရာဇ်နဲ့မီးဧကရာဇ်တို့က မဝေးတော့တဲ့အနာဂတ်တွင်၎င်းတို့၏ ချစ်လှစွာသောကလေးများကိုလက်ထပ်ထိမ်းမြှားပေးရန်ဆုံးဖြတ်ခဲ့ကြသည်။

ထို့ကြောင့် လီအင်ပါယာဧကရာဇ်က
'လက်ထပ်ရန်သဘောတူစာချုပ်'ကိုမမေ့ကြောင်းသက်သေပြရန်၊နှစ်စဉ်နှစ်တိုင်း သူသည်သူ၏သမီးချောလေးကို ဒူအင်ပါယာသို့ပို့ပေးသည်။သွေးစွန်းနေတဲ့စာရေးဆရာက၎င်းကို 'တော်ဝင်နွေရာသီလည်ပတ်ခြင်း'ဟုအမည်ပေးထားသည်၊ထို့အတွက် နှစ်စဥ်နှစ်တိုင်းဗီလိန်မကဒူအင်ပါယာသို့အလည်အပတ်သွားပေးရသည်။

Villainess Series 2 ;အဓိကဇာတ်ဆောင်အားငြင်းပယ်ခြင်းOpowieści tętniące życiem. Odkryj je teraz