၁၀..လက်သည်း

725 100 2
                                    

[Unicode]

"ဘာဖြစ်တာလဲ?"သူမ သမားတော်ကိုတစ်ချက်ကြည့်လိုက်၏။

"အိမ်ရှေ့စံမင်းသားက ပုံမှန်အအေးမိတာပါပဲ၊ဒါပေမယ့် အိမ်ရှေ့စံမင်းသားကမွေးကတည်းကနှလုံးအားနည်းတော့ မကျန်းမာတဲ့
ကိုယ်ခန္ဓာနဲ့ကြီးပြင်းလာရတယ်"

"မင်းသမီးလေးလည်းသိတဲ့အတိုင်းပဲ တစ်လောကလည်း ရေခဲကန်ထဲကိုပြုတ်ကျသွားပြီးအအေးမိခဲ့တယ်၊နောက်သုံးရက်ကြာတော့ တုန်လှုပ်စရာကောင်းတဲ့ဖြစ်ရပ်တစ်ခုနဲ့လည်း ကြုံခဲ့ရတယ်၊လုပ်ကြံသတ်ဖြတ်ဖို့ကြိုးစားမှုက အိမ်ရှေ့စံရဲ့စိတ်ပိုင်းဆိုင်ရာကိုပါထိခိုက်စေတယ်၊ကျွန်‌တော်မျိုးစိုးရိမ်တာက အိမ်ရှေ့စံရဲ့ကိုယ်ခန္ဓာက...စိတ်ပိုင်းနဲ့နှလုံးသားဒဏ်ရာတွေကိုတောင့်ခံမထားနိုင်မှာ..."

"မင်းသမီး,ခွင့်လွှတ်တော်မူပါ၊ဒီအစေခံကအသုံးမကျပါဘူး၊အိမ်ရှေ့စံမင်းသားမွေးဖွားလာကတည်းကလည်း အသက်မရှည်လောက်မှန်း ကျွန်တော်မျိုးတို့မျှော်လင့်ထားပြီးသားပါ"

"အဓိပ္ပာယ်မရှိတာတွေတော်တော့!"

အားပေါင်က သူမလက်မောင်းကိုကိုင်လိုက်ပြီး လက်ရှိအခြေအနေကိုသတိပေးလိုက်၏။ "မင်းသမီး,ဒေါသကိုလျော့ပါ"

သူမမျက်မှောင်ကြုတ်လိုက်မိပြီး..ဒီ၀တ္ထုတော့...

ဒီနှုန်းနဲ့ဆိုရင် ဝတ္ထုရဲ့ဇာတ်ကွက်ကပျက်စီးသွားနိုင်တယ်၊တစ်ကယ်လို့များ အဲ့လိုဖြစ်ခဲ့ရင်...ငါ့ရဲ့သေခြင်းကလည်းအရင်ကထက်ပိုဆိုးသွားနိုင်တယ်။ထို့နောက် အတွေးထဲ၌သူမရဲ့သေခြင်းအားပြန်မြင်ယောင်လာတော့သည်'ချီးပဲ!"

"မင်းသမီး,အိမ်ရှေ့စံမင်းသမီးကို ကာကွယ်ကြ!"

မြှားမိုးများက တစ်ဖွဲဖွဲကျနေပြီးမီးလောင်မှုများကပင်လယ်ပြင်လိုပင်၊ဆိုးရွားလှတဲ့ စစ်မြေပြင်နှင့်မြစ်ရေများကပင်နီရဲနေလေသည်။သူမရဲ့သေလုမြောပါးဖြစ်နေတဲ့ကိုယ်ခန္ဓာက စိုစွတ်သောမြေပြင်ပေါ်၌လဲကျနေလေ၏;မျက်၀န်းထဲ၌နောင်တများနှင့်ပြည့်နှက်နေပြီး စကတ်စကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်လိုက်သည်။

Villainess Series 2 ;အဓိကဇာတ်ဆောင်အားငြင်းပယ်ခြင်းWhere stories live. Discover now