🌺EP (8)🌺 ထွက်ပြေးမယ်

1.5K 207 4
                                    

Although the trip was rough

🌺(8)🌺
[ထွက်ပြေးမယ်]

ရှင်းလန်ရှို့ ဝိညာဥ်ဆေးလုံးထဲက စွမ်းအင်များကို တစ်ဝတ်တိတိ စုပ်ယူလိုက်သည်။ သူ့ခန္ဓာကိုယ်က ဒဏ်ရာက အရှင်းမပျောက်သေးလို့ အများကြီး စုပ်ယူပြီး ကျင့်ကြံလို့ မရသေးချေ။

သူ ကျင့်ကြံနေတာကို ရပ်ပြီး မျက်လုံးဖွင့်လိုက်တဲ့အခါ ပတ်ဝန်းကျင်ကို မှုန်ဝါးဝါးလေး မြင်တွေ့လာရသည်။ ရှင်းလန်ရှို့ ဝမ်းသာစွာနဲ့ ပြုံးလိုက်သည်။ သူ့ခန္ဓာကိုယ်က နတ်ဘုရားအဆင့်အထိ ကျင့်ကြံထားတဲ့ ခန္ဓာကိုယ်ဖြစ်လို့ အမြုတေက သူမတူအောင် ကောင်းလှသည်။

စွမ်းအင်သာ ကောင်းလာပါက မျက်လုံးကလည်း ပြန်ကောင်းလာလိမ့်မည်။ အခုက အ​ခြေတည်အဆင့်ရဲ့ ခပ်လွန်လွန်အဆင့်ကို ရောက်နေတုန်း ရှိသေးသည်။

"အား........"

ရုတ်တရက် အပြင်ဘက်မှ စူးကနဲ အော်သံကြီး ထွက်လာသည်။

"အားနမ်...."

အော်သံက ရွှယ်နမ်ဆိုတာကို သိလိုက်ရချင်း ရှင်းလန်ရှို့ အခန်းအပြင်ဘက်ကို ပြေးထွက်လာခဲ့သည်။ မျက်လုံးက သိပ်မကောင်းသေးလို့ တံခါးရွက်ကို အရှိန်နဲ့ ဝင်စောင့်မိသေး၏။

"အားနမ်...."

"ရှို့ကော....ရှို့ကော...."

ရွှယ်နမ် ရှင်းလန်ရှို့အသံကြားတော့ အနောက်ကို လှည့်ကြည့်ပြီး ချက်ချင်း ပြေးလာသည်။ သူ ရှင်းလန်ရှို့ရင်ခွင်ထဲ အတင်းဝင်တိုးပစ်၏။

"လူသေနေတယ်.... ရှို့ကော လူသေနေတယ် အဲ့မှာ အဲ့မှာ...."

ရွှယ်နမ်သည် ရှင်းလန်ရှို့ မမြင်ရတာကို သတိမရတော့ဘဲ လျှောက်လမ်းမထက်က လူသေအလောင်းကိုသာ လက်ညှိုးထိုးပြနေလေသည်။ သူ့အော်သံကြောင့် တစ်ခန်းကျော်က အော့ရွှမ် ပြေးထွက်လာသည်။ သူလည်း လူသေအလောင်းကို မြင်သွား၏။

တည်းခိုခန်းမှာ တခြားလူတွေလည်း ရှိကာ တည်းခိုခန်းပိုင်ရှင်ကလည်း ထိပ်တန်းအဆင့် ကျင့်ကြံသူမလို့ အော်သံထွက်လာတဲ့ နေရာကို ကိုယ်ဖော့၍ ချက်ချင်း ရောက်လာသည်။ တခြား ဧည့်သည်တွေကလည်း အပြေးအလွှား လာကြည့်ကြ၏။

Although the trip was rough (Completed)Where stories live. Discover now