🌺EP (95)🌺အိမ်ပြန်ရောက်ပြီ

1.2K 159 1
                                    

Although the trip was rough

(95)
[အိမ်ပြန်ရောက်ပြီ]

မြို့ငယ်လေးမှာ စောင့်ရင်း ၂ရက်လောက်ကြာတော့ ကြယ်တာရာနန်းတော်က အကြီးဆုံး သခင်နဲ့ ရှင်းယွီတို့ ရောက်လာသည်။ အကြီးဆုံး သခင်က ရှင်းလန်ရှို့ဆီက ကြယ်ကိုသာ လာယူခြင်းဖြစ်၏။

ထို့အပြင် သူ့မှာ ရှင်းလန်ရှို့ကို သတ်ချင်တယ်ဆိုလို့တောင် အခွင့်အရေးမရှိ။ ရှင်းလန်ရှို့ကို ကာကွယ်ပေးမယ့် နဂါး၅ကောင်နဲ့ နတ်ဘုရားအဆင့် မိန်းကလေးတစ်ယောက်လည်း ရှိနေသလို မိစ္ဆာအရှင်ကလည်း ရှိနေတော့ ပထမသခင်ကြီးလည်း ကြယ်ကိုသာယူ၍ ပြန်သွားရသည်။

ရှင်းယွီမှာ သူ့ရဲ့ဆရာတူအစ်ကိုနဲ့ နေချင်သေးပေမယ့် ပထမသခင်ကြီးက ပြန်ခေါ်သွားတာကြောင့် သူမမှာ ပြန်လိုက်သွားခဲ့ရသည်။

ကြယ်တာရာနန်းတော်က လူတွေကိုတွေ့တော့ ဝိညာဥ်ကုန်းမြေမှာတုန်းက တိုက်ပွဲကို သတိရသွား၏။ အဲဒီတုန်းက သူရွှယ်နမ်ကို အိပ်ငွေ့ချမိခဲ့သေးသည်လေ။

ဒါပေမဲ့ ရွှယ်နမ်ကို သတိရသေးပုံမပေါ်။ သူလောလောဆယ် စိတ်ဆိုးနေတာကတော့ ရှင်းယွီက ရောက်ရောက်ချင်း ဆရာတူအကိုအား ပြေးလာဖက်ခဲ့တာကြောင့်ပင်။

သူမက မိန်းကလေးဖြစ်နေတော့ သူမရင်သားတွေက ရှင်းလန်ရှို့ရဲ့ ရင်ဘတ်ထဲဝင်သွားခဲ့တာကို ရွှယ်နမ် ရင်နာနာနဲ့ ကြည့်နေခဲ့ရသည်။ ရှင်းယွီ မရောက်လာခင် သူမကချွဲစိန်လေးဖြစ်ကြောင်း ရှင်းလန်ရှို့က ပြောပြထား၏။

ဒါပေမဲ့ ချွဲတယ်ဆိုတာက အသားချင်းထိပြီး ဖက်ထားရတဲ့အထိတော့ ရွှယ်နမ်အနေနဲ့ လက်မခံနိုင်ဘူးလေ။

"အားနမ်...."

"မထိနဲ့!"

ရှင်းလန်ရှို့လက်ထဲကနေ ရုန်းထွက်လိုက်သည်။ ရွှယ်နမ် ရှင်းလန်ရှို့ကိုတောင် မကြည့်တော့ဘဲ ရထားလုံးပေါ် တက်သွား၏။ ရေပြာတောင်ဂိုဏ်းကို သွားဖို့ ရထားလုံးတစ်လုံးကို သူတို့ငှားထားကြသည်။

ရွှယ်နမ် စိတ်ဆိုးဆိုးနဲ့ တက်သွားတော့ ကျီးယွမ်လည်း တက်ဖို့ပြင်လိုက်သည်။

Although the trip was rough (Completed)Where stories live. Discover now