🌺EP (11)🌺ဇနီးရှိနေသူအိမ်ထောင်ရှင်

1.5K 213 0
                                    

Although the trip was rough

🌺(11)🌺
[ဇနီးရှိနေသူ အိမ်ထောင်ရှင်]

နှုတ်ခမ်းလေးကို နူးနူးညံ့ညံ့လေး သိမ်းပိုက်ပြီးသောအခါ ရှုလင်ပြုံးလိုက်သည်။ ထို့အပြုံးကိုတော့ အော့ရွှမ်ကလွဲရင် ဘယ်သူမှမမြင်ရချေ။ အော့ရွှမ် ရှက်ရှက်နဲ့ သူ့နှုတ်ခမ်းလေးကို ထိကြည့်လိုက်သည်။

"မင်း.....မင်း...."

"အော့ရွှမ် ကိုယ်ခိုးထွက်လာတာ....သူတို့မင်းကိုရော ဒဏ်ရာရအောင် လုပ်လိုက်သေးလား"

"ဘာစကားလဲ.... မင်းကို ဒဏ်ရာရအောင် လုပ်လိုက်တာလား ပြပါဦး...."

အော့ရွှမ် တစ်ဖက်လူကို စစ်ဆေးကြည့်ဖို့ ပြင်လိုက်ပေမယ့် ရှုလင်ကသူ့ကို ဒုတိယအကြိမ်အဖြစ် ပွေ့ဖက်လိုက်တော့သည်။ သူ့ဆီကနေ သြရှရှရယ်သံတောင် ထွက်လာသေး၏။ အော့ရွှမ် သူတို့စိတ်ပူနေတဲ့ ပုံစံလေးက သူ့နှလုံးသားကို လှိုင်းခတ်လာပြီး ပျော်ရွှင်ကြည်နူးလာစေသည်။

"ရှုလင်....."

"ကိုယ့်ဒဏ်ရာက အသေးအမွှားလေးပါ.... သူတို့မင်းကို ရှာမတွေ့အောင် လမ်းမှာခြေရာဖျောက်ခဲ့တယ် သူတို့ကမင်းကို အသေရရ အရှင်ရရ လိုချင်နေကြတယ် .... ရွှမ် မင်းအိမ်ကို အရင်ပြန်ပါလား?"

"......"

"ကိုယ့်မင်းကို အရှေ့ဖက်ပင်လယ်မှာ လာရှာမယ်လေ"

အော့ရွှမ် ထိုလူအား တွန်းထုတ်လိုက်သည်။

"ရှုလင်.....ငါ ငါအခုအားနည်းနေတော့ အိမ်ကိုမပြန်နိုင်သေးဘူး"

ရှုလင် သက်ပြင်းချ၍။

"ကိုယ့်​ကြောင့်ပါ..."

"မ မဟုတ်ပါဘူး... ငါ့ဘာသာ သတိမထားမိတာပါ ငါ့ခန္ဓာကိုယ်ကို စိန်ရောင်ခြည်ကြာပန်းနဲ့ ဖုံးကွယ်ထားလို့ အခုလူသားတစ်ယောက်လို ဖြစ်နေပြီ သူတို့ငါ့ကို ရှာတွေ့မှာမဟုတ်ဘူး"

"တကယ်လား?"

"အင်း ငါပုံစံပြောင်းပြီးနေမယ်လေ မိန်းကလေးပုံစံ ပြောင်းလိုက်မယ်... ဒါဆိုသူတို့အတွက် ပိုခက်ခဲသွားလိမ့်မယ် ငါအိမ်မပြန်ချင်သေးဘူး အိမ်ပြန်ရင် နောက်တစ်ခါ မင်းဆီလာဖို့အတွက် လုံးဝမလွယ်တော့ဘူး"

Although the trip was rough (Completed)Donde viven las historias. Descúbrelo ahora