🌺EP (64)🌺ခေါင်းဆောင်၅ကို ရှာဖွေမယ်

1K 150 0
                                    

Although the trip was rough

(64)
[ခေါင်းဆောင်၅ကို ရှာဖွေမယ်]

ရှင်းလန်ရှို့လည်း တစ်ခုခုတော့ ထူးဆန်းနေတယ်လို့ ခံစားမိတာမို့ မော့ယွီပင်းကို လှည့်မေးလိုက်သည်။

"အရင်ကရော ခေါင်းဆောင်တွေကို ဒီလိုပဲတင်းကျပ်ထားတာလား?"

မော့ယွီပင်းလည်း ထူးဆန်းနေတယ်လို့ ခံစားမိတာကြောင့် ခေါင်းခါလျက် ဆက်ပြောလိုက်၏။

"မဟုတ်ဘူး... ခေါင်းဆောင်တွေမှာ လွတ်လပ်ခွင့် အပြည့်အဝရှိတယ်။ ကြည့်ရတာ ဂိုဏ်းချုပ်ထွက်လာပြီးနောက် ခေါင်းဆောင်၅နဲ့ တစ်ခုခုဖြစ်ခဲ့ကြပုံပဲ...."

ရွှယ်နမ် ရှင်းလန်ရှို့ကို ကြည့်လိုက်တော့ တစ်ဖက်လူက စိတ်စွမ်းအင်ဖြင့် အခန်းထဲကအရာ တစ်ခုခုကို အာရုံခံနေတာ တွေ့ရလေသည်။ သူတို့နှစ်ယောက်လည်း ရှင်းလန်ရှို့ အာရုံခံပြီးတဲ့အထိ စောင့်ကြည့်နေလိုက်သည်။

သိပ်မကြာလိုက်။ ရှင်းလန်ရှို့ မျက်လုံးပွင့်လာ၏။

"အခန်းထဲမှာ လူမရှိဘူး"

ရွှယ်နမ် - "အာ.....ဒါဆို ခေါင်းဆောင်၅က အခန်းထဲမှာ မဟုတ်ဘူးပေါ့?"

မော့ယွီပင်း - "သူတကယ် အထဲမှာမရှိဘူးဆိုရင် ဘာဖြစ်လို့ အစောင့်တွေက ဒီလောက်တင်းကျပ်နေတာလဲ?"

ရှင်းလန်ရှို့ - "ခေါင်းဆောင်၅က ဘယ်လိုလူမျိုးလဲ?"

ရွှယ်နမ်က ဝင်ဖြေလိုက်သည်။

"သူက အဖေရဲ့ ဆရာတူညီလေးတဲ့... အဖေနဲ့ ဆက်ဆံရေး အရမ်းကောင်းပြီ အဖိုးတို့အကျဥ်းကျနေတုန်းက အစာနဲ့ရေတွေကို တိတ်တိတ်လေး လာပို့ပေးတတ်တယ်တဲ့...အဲဒါကို တခြားခေါင်းဆောင်တွေက သိပြီးတော့ သူ့ကိုအမြင်မကြည်ကြတော့ဘူးတဲ့"

ရှင်းလန်ရှို့ ခေါင်းညိတ်လိုက်သည်။

"အဲဒါက အဓိကအချက်ပဲပေါ့....ခေါင်းဆောင်၅ကို တစ်နေရာရာမှာ ဖမ်းထားလိမ့်မယ်... ငါတို့အရင်ဆုံး သူ့ကိုရှာကြရအောင်"

ရွှယ်နမ်နဲ့ မော့ယွီပင်းလည်း တစ်ပြိုင်တည်း ခေါင်းညိတ်လိုက်ကြသည်။ အမှောင်ရိပ်ကို ခို၍ သူတို့သည် အဆင့်မြင့် ကျင့်ကြံသူများအား ဖမ်းဆီးထားရာ အကျဥ်းထောင်ဘက်သို့ ထွက်လာခဲ့လေ၏။

Although the trip was rough (Completed)Место, где живут истории. Откройте их для себя