🌺EP (62)🌺မော့ထန်းအိမ်တော်ကလူနှစ်ယောက်

1.1K 155 0
                                    

Although the trip was rough

(62)
[မော့ထန်းအိမ်တော်ကလူနှစ်ယောက်]

ရှင်းလန်ရှို့သည် ရွှယ်နမ်၊ မော့ယွီပင်းနဲ့အတူ မစားရတာကြာပြီဖြစ်တဲ့ မနက်စာကို အရသာရှိရှိ စားသုံးလိုက်သည်။ ရွှယ်နမ်ကသူ့ကို ခဏခဏ ဟင်းတွေထည့်ပေးနေတာကြောင့် ရှင်းလန်ရှို့လည်း ဗိုက်ကားသွားတော့သည်။

ရှင်းလန်ရှို့ တံခါးပိတ်ကျင့်ကြံပြီးလို့ ပြန်ထွက်လာချိန်တွင် မော့ထန်းအိမ်တော်မှ ဂိုဏ်းချုပ်ဟာလည်း ပုလ္လင်ပေါ်တွင် နေရာယူလျက် ရွှယ်အိမ်တော် အကြောင်းကို အစအဆုံး နားထောင်လျက်ရှိသည်။

တန်သိုက်မြို့ထဲတွင် ရွှယ်အိမ်ရဲ့ ခြံဝန်းက နှစ်ခုရှိလာပြီ။ ရွှယ်နမ်ရဲ့ ကုသသူဆိုတဲ့ နာမည်ကလည်း တစ်မြို့လုံးမှာ မရှိသလောက်ပဲ။ ဖြတ်သွားဖြတ်လာ ကျင့်ကြံသူများပင် ရွှယ်နမ်ကို သိနေကြပြီ။

ဒီကြားထဲ တချို့ကျင့်ကြံသူတွေက ရွှယ်နမ်ကို သူတို့ရဲ့သားသမီးတွေနဲ့ စေ့စပ်ပေးချင်ကြောင်း လမ်းဖောက်လာကြရာ ရွှယ်နမ်က သူ့တွင် လူတစ်ယောက် ရှိနေပြီးသားဖြစ်ကြောင်း ပြော၍ အားလုံးကို ငြင်းလွှတ်ခဲ့သည်။

အခု ရွှယ်နမ်ရဲ့လူသည် တန်သိုက်မြို့ လမ်းမထက်တွင် လူတစ်ယောက်ရဲ့လက်ကို လိမ်ချိုး၍ ပစ်ပေါက်ထားလေပြီ။ နေ့ခင်းကြောင်တောင်ကြီး ကျင့်ကြံသူတစ်အုပ်နှင့် ရှင်းလန်ရှို့ တိုက်ပွဲတစ်ခု ဆင်နွှဲနေရသည်။

လူတစ်ယောက်က ထအော်၏။

"ငါတို့က တောင်ပိုင်း ကျင့်ကြံသူဂိုဏ်းက....မင်းငါတို့ကိုသတ်ရင် သေချာပေါက်...."

'ဝုန်း....'

ရွှေရောင်စွမ်းအင်လုံးကြီး ပြေးလာပြီး ထိုလူအား ခဏအတွင်း ဝါးမြိုစားသောက်ပစ်သည်။ ကျင့်ကြံသူတစ်အုပ်သည်လည်း ကြောက်လန့်သွား၏။

သူတို့က သူတို့သခင်လေးအတွက် ရွှယ်နမ်ကို လာဖမ်းကြတာ။ အမြဲ တစ်ယောက်တည်းသာ အပြင်ထွက်လာတတ်တဲ့ ရွှယ်နမ်က ဒီနေ့မှ လူတစ်ယောက် အပိုပါလာမယ်လို့ ဘယ်သူကထင်မှာလဲ။

ပြီးတော့ အဲဒီလူက အရမ်းလည်းအဆင့်မြင့်နေသေးသည်။ နောက်ဆုံးကျန်ခဲ့သော ကျင့်ကြံသူ သုံးယောက်သည် နောက်လှည့်ထွက်ပြေးဖို့ လုပ်တော့၏။

Although the trip was rough (Completed)Where stories live. Discover now